IOL Master 700
Blog Post

IOL Master 700

Published on 5th February, 2024

အတိကျဆုံး မှန်ဘီလူးပါဝါ (𝐈𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐋𝐞𝐧𝐬 / 𝐈𝐎𝐋) တိုင်းတာစက်

🔹အတွင်းတိမ်ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားပြီး ကောင်းမွန်တဲ့ရလဒ်ကို ရရှိနိုင်ဖို့က ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနှင့် ခွဲစိတ်ခြင်း၊ အရည်‌အသွေးကောင်းမွန်တဲ့ မှန်ဘီလူးအမျိုးအစားကိုရွေးချယ်ခြင်းတို့အပြင် ထည့်သွင်းမယ့်မှန်ဘီလူးပါဝါကို စစ်ဆေးခြင်း၊ ရွေးချယ်ခြင်းကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

🔹မှန်ဘီလူးပါဝါတိုင်းထွာခြင်းအဖြေမမှန်ပါက ထည့်သွင်းမည့်မှန်ဘီလူးပါဝါမှားယွင်းသွားမှာဖြစ်တာကြောင့် ခွဲစိတ်ပြီးတဲ့အခါ အမြင်မကြည်ခြင်း၊ ပါဝါကျန်ခြင်း၊ အဝေးမျက်မှန်တပ်ရန်လိုအပ်ခြင်း စသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ပါတယ်။

🔹𝐈𝐎𝐋 𝐌𝐚𝐬𝐭𝐞𝐫 𝟕𝟎𝟎 သည် မျက်လုံးအတွင်းသားကို ထိတွေ့မှုမရှိဘဲ စစ်ဆေးနိုင်တာကြောင့် လူနာအနေနဲ့ နာကျင်မှုလဲ မရှိသလို ပိုးကူးနိုင်ခြေ လုံးဝမရှိပါဖူး။ ရိုက်ကူးကြာမြင့်ချိန် 45 seconds အတွင်းမှာ ပုံပေါင် း၂,၀၀၀ကျော်ကို ရိုက်ကူးနိုင်တာကြောင့် လူနာအတွက် သက်တောင့်သက်သာရှိခြင်း၊ အဖြေတိကျမှန်ကန်ခြင်း စသည့် အားသာချက်များ ရှိပါတယ်။

🔹𝐌𝐮𝐥𝐭𝐢𝐟𝐨𝐜𝐚𝐥 𝐈𝐎𝐋 နှင့် 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 မှန်ဘီလူးများကို ရွေးချယ်အသုံးပြုသူများအတွက် သာမန်ရိုးကျ မှန်ဘီလူးပါဝါတိုင်းစက်များနှင့်မတူဘဲ Swept Source OCT နည်းပညာဖြင့် မျက်ကြည်လွှာ၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းများ (Total Keratometry) ကိုပါ ထည့်သွင်းတိုင်းတာတွက်ချက်နိုင်ခြင်းကြောင့် ပါဝါပိုမိုတိကျခြင်း၊ ဆလင်ဒါပါဝါများကို တိကျစွာတွက်ချက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုလဲ ရရှိနိုင်ပါတယ်။

🔹ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကြည်လင်ပြတ်သားတဲ့ အကောင်းဆုံးအမြင်အားကို ရရှိနိုင်စေဖို့အတွက် 𝐈𝐒𝐄𝐂 𝐌𝐲𝐚𝐧𝐦𝐚𝐫 နိုင်ငံတကာမျက်စိဆေးရုံကြီးမှာ ဂျာမဏီနိုင်ငံထုတ် 𝐙𝐞𝐢𝐬𝐬 𝐈𝐎𝐋 𝐌𝐚𝐭𝐞𝐫 𝟕𝟎𝟎 ဖြင့် အတွင်းတိမ်ခွဲစိတ်ရန် လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📞 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
အသေးစိတ်သိရှိလိုပါက~
🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821