ISEC Myanmar Eye Awareness Program
Blog Post

ISEC Myanmar Eye Awareness Program

Published on 24th April, 2024

ISEC Myanmar ရဲ့ Eye Awareness အစီအစဉ်လေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။
✨ဧပြီလက အမျိုးသမီးတွေရဲ့ မျက်လုံးကျန်းမာရေးအတွက် ဘေးကင်းရေး လဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အမြင်အာရုံချို့ယွင်းမှု ပိုများတာမို့ မျက်စိကွယ်ခြင်းရဲ့ သုံးပုံနှစ်ပုံက အမျိုးသမီးတွေမှာ ဖြစ်ပွားပါတယ်။ အမြင်အာရုံချို့ယွင်းမှုရဲ့ 75% က ကြိုတင်ကာကွယ်နိုင်တာဖြစ်ဖြစ်၊ ကုသတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
✨အသက်ပိုရှည်နိုင်ခြင်းနဲ့ ဟော်မုန်းဓာတ်ဆိုင်ရာ အကြောင်းရင်းတွေကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်လုံးကျန်းမာရေးကို ပိုထိခိုက်ခံရပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ အဝလွန်ခြင်းတွေကလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
📍 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပါ
မျက်လုံးကို ကျန်းမာစေဖို့ ဗီတာမင် C ၊ ဗီတာမင် E၊ ဘီတာကာရိုတင်း (beta carotene)၊ လူလူတင်း( lutein) ၊ ဇီဇန်သင် (zeaxanthin)၊ ဇင့်( zinc)နဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (omega-3 fatty acids) ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးရမှာ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ အရွက်စိမ်းတွေနဲ့ ဘရိုကိုလီတွေကိုလည်း ပုံမှန်စားသုံးသင့်ပါတယ်။
📍 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက မျက်စိရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အပြင်မှာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်နေတဲ့ချိန်မှာ ဦးထုပ်၊ နေကာမျက်မှန်တွေလိုမျိုး နေရောင်ခြည်အကာအကွယ်ကို ၀တ်ဆင်သင့်ပါတယ်။
ဒီလိုအချက်တွေက အမြင်အာရုံကို ကာကွယ်ဖို့အတွက် လွယ်ကူ ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဧပြီလမှာလည်း မျက်စိကျန်းမာရေး ကောင်းမွန်ဖို့ ပိုဂရုစိုက်ကြပါလို့ ISEC Myanmar မှ အကြံပြုလိုက်ပါတယ်နော်။
အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821