အတွင်းတိမ်ခွဲစိတ်ခြင်းအတွက် သီတင်းကျွတ်အထူး Promotion ကြီး
Events & Promotions

အတွင်းတိမ်ခွဲစိတ်ခြင်းအတွက် သီတင်းကျွတ်အထူး Promotion ကြီး

Published on 2nd October, 2023

🏮အတွင်းတိမ်ခွဲစိတ်ခြင်းအတွက် သီတင်းကျွတ်အထူး Promotion ကြီးလာပါပြီ🏮
ISEC မျက်စိ အထူးကုဆေးရုံကြီးမှာ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသခြင်းအတွက်
အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့ထိ 𝐔𝐩 𝐭𝐨 𝟐𝟓𝟎,𝟎𝟎𝟎 𝐌𝐌𝐊 𝐨𝐟𝐟
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 နဲ့ ဈေးနှုန်းသက်သာစွာ ကုသနိုင်မှာဖြစ်ပါတယ်။ 🤩
အတွင်းတိမ်ဆိုတာ မျက်စိထဲက မွေးရာပါမှန်ဘီလူးမှာ အညှိအကြေးတွေ တဖြည်းဖြည်းပုံလာပြီး အစိုင်အခဲတစ်ခု ဖြစ်လာခြင်းကို ခေါ်တာပါ။
အတွင်းတိမ်ဖြစ်နေပြီဆိုရင်~
👁️‍🗨️ အမြင်ဝါးခြင်း
👁️‍🗨️ရှေ့၌ မြူမှုန်ကျသလို၊ ခြင်ထောင်ဇာကာထားသလို ကာနေခြင်း
👁️‍🗨️ ပုံရိပ်နှစ်ထပ်မြင်ခြင်း
👁️‍🗨️ နေရောင် သို့မဟုတ် မီးချောင်း/မီးလုံးမှ အလင်းများဖြာခြင်း၊ စူးခြင်း
👁️‍🗨️ မျက်မှန်ပါဝါ မကြာခဏတိုးလာခြင်း
👁️‍🗨️ အရောင်များမှိန်ခြင်း သို့မဟုတ် ဝါခြင်း စတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။
အတွင်းတိမ်ခွဲစိတ်ခြင်းကို အချိန်မှီမပြုလုပ်ပါက~
🔹 အတွင်းတိမ်ပိုမိုရင့်မာလာခြင်း
🔹 နောက်ဆက်တွဲ ရေတိမ်ရောဂါဖြစ်လာခြင်း
🔹 မျက်စိအာရုံကြော/အမြင်လွှာများရောဂါ စစ်ဆေးရန်ခက်ခဲလာခြင်း
🔹 နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ ခက်ခဲလာခြင်း
🔹 ချော်လဲထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုမိုမြင့်မားခြင်း
🔹 လူအများနှင့်တွေ့ရန် ရှောင်ကွင်းလာခြင်းကြောင့် လူမှုရေးအဆင်မပြေဖြစ်လာခြင်း
အမြင်အားမကောင်းသဖြင့် အခြားသူများအပေါ်မှီခိုရခြင်း တွေ ဖြစ်လာနိုင်ပါတယ်။
အတွင်းတိမ်ကို အချိန်မှီခွဲစိတ်ပါက ~
👉 ပုံမှန်အမြင်အားကို အမြန်ဆုံး ပြန်လည်ရရှိခြင်း
👉 မှန်ဘီလူးပါဝါကို မှန်ကန်တိကျစွာတိုင်းတာနိုင်ခြင်းကြောင့် ခွဲစိတ်ပြီးနောက် ကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိခြင်း
👉 ခွဲစိတ်ချိန် ပိုမိုမြန်ဆန်ခြင်း
👉 ခွဲစိတ်ချိန်ကြာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ မျက်ကြည်လွှာရောင်ယမ်းခြင်း၊ အမြင်လွှာရောင်ယမ်းခြင်းများ မရှိသလောက်နည်းပါးခြင်း
👉 အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်လာတဲ့ ဦးနှောက်ကျုံ့ရောဂါ Alzheimer’s disease ဖြစ်နိုင်ချေ လျော့နည်းခြင်း စတဲ့အချက်တွေရှိတာမို့ နေ့စဉ်ဘဝလှုပ်ရှားမှုမှာ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးမှာ ခေတ်မီနည်းပညာ Phacoemulsification နည်းဖြင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက်နည်းပါးခြင်း စတဲ့ အားသာချက်တွေလည်းရှိတာမို့ Promotion ကာလအမှီ အမြန်ဆုံး လာရောက်ကုသလိုက်ပါနော်။
အသေးစိတ်သိရှိလိုပါက~
🏥 ISEC နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥 ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️ Tel:+95 1 386 800,+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
[email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821