မသိလိုက်ဘဲ အမြင်အာရုံကို တဖြည်းဖြည်း ခိုးယူသွားတတ်တဲ့ ရေတိမ် (Glaucoma) အကြောင်း ကြားဖူးကြမှာပါ‼️
Published on 26th September, 2026
အထူးသဖြင့် ထောင့်ကျဥ်းရေတိမ် (Angle-Closure Glaucoma) ခံစားနေရသူတွေ သို့မဟုတ် မျက်လုံးအတွင်းဖိအား တက်နိုင်ခြေ မြင့်မားသူတွေအတွက် Laser PI (Laser Peripheral Iridotomy) ကုထုံးဟာ ရုတ်တရက် အမြင်အာရုံ ကွယ်ပျောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့ လေဆာကုထုံးနည်းဖြစ်ပါတယ်။✨
💡 Laser PI ဆိုတာ ဘာလဲ?
👉 မျက်လုံးအတွင်းမှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ အရည်လမ်းကြောင်း ပိတ်ဆို့သွားတဲ့အခါ မျက်လုံးအတွင်းဖိအားတွေ ရုတ်တရက် မြင့်တက်လာပြီး အမြင်အာရုံကြောကို ပျက်စီးစေပါတယ်။
Laser PI ဆိုတာကတော့ မျက်ဝန်းရဲ့ ဘေးအစွန်းလေးမှာ အလွန်သေးငယ်တဲ့ အပေါက်ငယ်လေးတစ်ခုကို Precision Laser နည်းပညာနဲ့ ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါ အပေါက်ငယ်လေးက ပိတ်ဆို့နေတဲ့ အရည်တွေကို ထွက်ပေါက်အသစ်ရရှိစေပြီး မျက်လုံးအတွင်းဖိအားကို ချက်ချင်းလျော့ကျစေကာ အမြင်ကွယ်ခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ပေးတာ ဖြစ်ပါတယ်။
✅Laser PI ကုထုံးရဲ့ အားသာချက်များ ~
🔹 နာကျင်မှုမရှိခြင်း: ခွဲစိတ်ရန်မလိုဘဲ ထုံဆေးမျက်စဉ်းခတ်ပြီး ပြုလုပ်ပေးတာကြောင့် နာကျင်မှု မရှိပါ။
🔹 မိနစ်ပိုင်းအတွင်း ပြီးစီးခြင်း: အချိန်အနည်းငယ်မျှသာ ကြာမြင့်ပြီး ဆေးရုံတက်စရာမလိုဘဲ ကုသပြီးသည်နှင့် အိမ်ပြန်နိုင်ပါသည်။
🔹 အရေးပေါ် အမြင်ကွယ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ခြင်း: မျက်လုံးအတွင်းဖိအား ရုတ်တရက်တက်လာပြီး ပြင်းထန်စွာ ကိုက်ခဲခြင်းနှင့် အမြင်ကွယ်ခြင်းတို့ကို မဖြစ်အောင် ကြိုတင်တားဆီးပေးနိုင်သည်။
🔹 ဘေးကင်းစိတ်ချရခြင်း: ကမ္ဘာတစ်ဝန်း စိတ်ချယုံကြည်စွာ သုံးစွဲနေသည့် ခေတ်မီ လေဆာနည်းပညာ ဖြစ်ပါသည်။
ရေတိမ်ရောဂါဟာ စောစောစီးစီး သိရှိပြီး ကြိုတင်ကာကွယ် ကုသမှုခံယူရင် အမြင်အာရုံ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်လို့ ISEC Eye Centre Myanmar မှာ အထူးကုဆရာဝန်ကြီးများနှင့် စနစ်တကျ လာရောက်စစ်ဆေး ကုသနိုင်ပါတယ်👩⚕✨