မျက်မှန်တပ်ရတဲ့ဒုက္ခတွေကနေလွတ်မြောက်ပြီး အသစ်တစ်ဖန်ကြည်လင်တဲ့ အမြင်အာရုံကိုပိုင်ဆိုင်ချင်ပါသလား❓
Blog Post

မျက်မှန်တပ်ရတဲ့ဒုက္ခတွေကနေလွတ်မြောက်ပြီး အသစ်တစ်ဖန်ကြည်လင်တဲ့ အမြင်အာရုံကိုပိုင်ဆိုင်ချင်ပါသလား❓

Published on 12th June, 2026

ဒါဆိုရင်တော့… လူတော်တော်များများ စိတ်ဝင်စားနေကြတဲ့ LASIK အကြောင်းကို မလုပ်ခင်မှာ သေချာလေ့လာထားဖို့ လိုပါတယ်💁 ဒါကြောင့် ISECMyanmar ကနေ LASIK ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို မျှဝေပေးလိုက်ပါတယ်…

✅ LASIK ရဲ့ ကောင်းကျိုးများ ~
✔ မျက်မှန် သို့မဟုတ် မျက်ကပ်မှန်တပ်စရာမလိုဘဲ အမြင်အာရုံက သိသိသာသာ ကြည်လင်သွားတာကြောင့် မနက်နိုးတာနဲ့ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်ရပါတယ်
✔ အားကစားလုပ်တာ၊ ရေကူးတာ ဒါမှမဟုတ် Makeup ပြင်တဲ့အခါမှာ မျက်မှန်မရှိတော့တဲ့အတွက် ပိုပြီး Confidence ရှိရှိနဲ့ လွတ်လပ်သွားစေပီး လွတ်လပ်တဲ့ Lifestyle ကိုရရှိစေပါတယ်
✔ ကုသမှုက စက္ကန့်ပိုင်းပဲကြာပြီး နာကျင်မှုမရှိသလောက် နည်းပါးပါတယ်။ အနာကျက်တာလည်းမြန်တဲ့အတွက် ပုံမှန်လုပ်နေကျအလုပ်တွေကို ချက်ချင်းလုပ်ဆောင်နိုင်ပါတယ်
✔ LASIK လုပ်ပြီးနောက်ပိုင်း အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီး မျက်မှန်မလိုတော့တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါတယ်

⚠️ သတိထားရမယ့် အချက်များ ~
✔ LASIK လုပ်ပြီး ရက်ပိုင်း/ လပိုင်းအနည်းငယ်မှာ မျက်စိခြောက်တာမျိုး ခံစားရနိုင်ပါတယ် (ဒါပေမဲ့ မျက်စဉ်းခတ်ပေးရုံနဲ့ သက်သာသွားနိုင်ပါတယ်)။ လူတိုင်းမဖြစ်နိုင်ပါ
✔ ညဘက် ကားမောင်းတဲ့အခါ အလင်းစူးတာမျိုး ဝေဝါးနေတာမျိုး ခေတ္တခဏ ဖြစ်နိုင်ပါတယ်
✔ မျက်ကြည်လွှာ အလွန်ပါးလွန်းသူတွေ ဒါမှမဟုတ် အချို့သော မျက်စိရောဂါရှိသူတွေက LASIK လုပ်ဖို့ မသင့်တော်တာမျိုး ရှိနိုင်ပါတယ် ။ ဒါကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ သေသေချာချာ အရင်စစ်ဆေးဖို့လိုအပ်ပါတယ်…

💡 LASIK လုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် အရေးကြီးဆုံးက “ယုံကြည်စိတ်ချရတဲ့ဆေးရုံ နဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်” ကို ရွေးချယ်ဖို့ပါပဲ။ ISEC Eye Centre မှာဆိုရင် နိုင်ငံတကာအဆင့်မီ နည်းပညာတွေ၊ အထူးကုကျွမ်းကျင်ဆရာဝန်တွေနဲ့ တိကျသေချာစွာ စမ်းသပ်ပေးနေတဲ့အတွက် ကိုယ့်ရဲ့မျက်လုံးက LASIK လုပ်ဖို့ သင့်တော်ရဲ့လားဆိုတာကို မှန်ကန်စွာ သိရှိနိုင်မှာပါ… 💯

ပိုမိုသိရှိလိုပါက Comment မှာ မေးခဲ့လို့ရသလို၊ ISEC Eye Centre Myanmar ကိုလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ် 📩

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821