💡 Lasik မလုပ်ခင် အားလုံးတွေးပြီးကြောက်နေကြတဲ့ တကယ့်အမှန်တရား 👁️✨
Blog Post

💡 Lasik မလုပ်ခင် အားလုံးတွေးပြီးကြောက်နေကြတဲ့ တကယ့်အမှန်တရား 👁️✨

Published on 15th June, 2026

မေးခွန်းပေါင်းများစွာနဲ့ ဒွိဟဖြစ်နေရတာ အင်မတန်မှသဘာဝကျပါတယ်… ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ ကြောက်ရွံ့တာဟာ မဆန်းပါဘူး…💁ဒါပေမယ့် စိတ်ချလက်ချနဲ့ ယုံကြည်မှုအပြည့် ရှိသွားစေဖို့အတွက် ISEC ကိုလူအများစု မေးလေ့ရှိတဲ့ စိုးရိမ်စိတ်တွေကို ရှင်းပြပေးထားပါတယ် 👇

👀 “လေဆာပစ်နေတုန်း စက်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”
👉 ISEC မှာ အသုံးပြုတဲ့ Bausch & Lomb Teneo 317 Model 2 လေဆာစက်ကြီးဟာ ဂျာမနီနိုင်ငံရဲ့ နောက်ဆုံးပေါ်နည်းပညာ နဲ့ တည်ဆောက်ထားတဲ့အတွက် လေဆာဖြင့်မျက်စိပါဝါဖျောက်ရာမှာ အမြန်ဆန်ဆုံးနဲ့ တိကျမှုအမြင့်ဆုံး ဖြစ်ပါတယ်။ ကုသနေစဉ်အတွင်း စက်ပိုင်းဆိုင်ရာ အနည်းငယ်မျှ လွဲချော်ခြင်းရှိတာနဲ့ စက်က အလိုအလျောက်ရပ်တန့်သွားအောင် Auto-Stop System Safety Mechanism တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါကြောင့် မျက်စိကို ထိခိုက်စေမယ့်အန္တရာယ် လုံးဝ (လုံးဝ) မရှိပါဘူး🙅

👀 “မျက်စိလှုပ်မိရင် ဒါမှမဟုတ် မျက်တောင်ခတ်မိရင် ဘယ်လိုလုပ်မလဲ?”
👉 ‘မျက်စိလှုပ်လိုက်ရင် လေဆာက တခြားနေရာကို မှားပစ်မိမလား” ဆိုပြီး မစိုးရိမ်ပါနဲ့။ စက်မှာ မျက်လုံးရဲ့ လှုပ်ရှားမှုကို တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း ထောင်ချီပြီး စောင့်ကြည့်ပေးနေတဲ့ အဆင့်မြင့် Eye-Tracker ပါဝင်တာဖြစ်လို့ မျက်စိအနည်းငယ် လှုပ်သွားရင်တောင် လေဆာက အလိုအလျောက် လိုက်ပါချိန်ညှိပေးနိုင်သလို၊ လိုအပ်ရင် ခေတ္တရပ်တန့်ပေးမှာ ဖြစ်ပါတယ်။

👀 “LASIK လုပ်ရင် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ ရှိပါသလား?
👉 ” ဒါကတော့ လူတိုင်းရဲ့ အကြီးမားဆုံးသော သံသယပါပဲ! တကယ်တော့ LASIK ဆိုတာ မျက်လုံးရဲ့ အပြင်ဘက်ဆုံးလွှာ (Cornea) ပေါ်မှာပဲ ပြုလုပ်တာဖြစ်ပြီး မျက်လုံးအတွင်းပိုင်းအထိ ထိခိုက်စေတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာလည်း LASIK ကြောင့် အမြင်အာရုံ လုံးဝကွယ်သွားတယ်ဆိုတဲ့ မှတ်တမ်းမျိုးဟာ မရှိသလောက်ကို ရှားပါးလွန်းပါတယ်။

👩‍⚕️ ISEC မှာဆိုရင် ကုသမှုမတိုင်ခင် Pre-LASIK Assessment ခေါ်တဲ့ မျက်စိအသေးစိတ် စစ်ဆေးမှုတွေကို အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် အဆင့်ဆင့်စစ်ဆေးပြီး၊ ၁၀၀% ဘေးကင်းစိတ်ချရပြီး ရလဒ်အကောင်းဆုံးထွက်မယ့် လူတွေကိုသာ ရွေးချယ်ကုသပေးတာဖြစ်လို့ ယုံကြည်စိတ်ချစွာကုသမှုခံယူနိုင်ပါတယ်…💯

စိုးရိမ်စိတ်တွေကို ဖျောက်ဖျက်ပြီး လွတ်လပ်တဲ့အမြင်အာရုံအသစ်ကို ပိုင်ဆိုင်ဖို့အတွက် ISEC Eye Centre အမြဲရှိနေပါတယ်💙

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821