Lasik လုပ်ပြီး နောင်ရေးအတွက် စိတ်ချရပြီလား❔🧐
Published on 31st August, 2026
Lasik လုပ်တာက သင့်မျက်ကြည်လွှာကို ပုံသေပြုပြင်ပြောင်းလဲလိုက်တာမလို့ လက်ရှိပါဝါအတွက် အဆင်ပြေပေမယ့်… အသက်ကြီးလာတဲ့အခါ ဖြစ်လာမယ့် “အနီးမှုန်ခြင်း” ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး… 🙅♀️
ဒါကြောင့် နောင်တစ်ချိန်မှာ အနီးမှုန်ခြင်းကြောင့် မျက်မှန်ပြန်တပ်ရတဲ့ အခြေအနေမျိုး ကြုံရနိုင်ပါသေးတယ်🤓
💡 ဒါပေမယ့် ICL ကတော့ လုပ်ဆောင်ပုံချင်း လုံးဝမတူပါဘူး။ မျက်လုံးရဲ့ မူလသဘာဝတည်ဆောက်ပုံကို ပြောင်းလဲပစ်တာမျိုး လုံးဝမရှိဘဲ မျက်လုံးထဲမှာပဲ အဆင့်မြင့်မှန်ဘီလူးလေး ထည့်သွင်းပေးတာပါ ။မျက်လုံးရဲ့တည်ဆောက်ပုံက နဂိုအတိုင်းရှိနေတဲ့အတွက်ကြောင့် နောင်တစ်ချိန် အသက်အရွယ်ကြောင့်ဖြစ်စေ၊ အတွင်းတိမ်ကြောင့်ဖြစ်စေ အမြင်အာရုံ အပြောင်းအလဲဖြစ်လာရင် ထည့်ထားတဲ့ မှန်ဘီလူးကို စိတ်ချလက်ချ ပြန်လည်ချိန်ညှိတာ၊ လဲလှယ်တာ ဒါမှမဟုတ် ပိုကောင်းတဲ့အဆင့်မြှင့်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။✨
နောင်တစ်ချိန်မှာ စိတ်ကြိုက်ပြန်ပြင်လို့ရမယ့် အခွင့်အရေးဟာ ICL ရဲ့ ထူးခြားတဲ့ အားသာချက်ပါပဲ💯
💁 ဘယ်လိုလူမျိုးတွေ ICL ကုသမှု ခံယူဖို့ အသင့်တော်ဆုံးလဲ?
👉 မျက်စိပါဝါအရမ်းများတဲ့သူတွေ၊ Lasik လုပ်လို့အဆင်မပြေတဲ့သူတွေအတွက် ICL ဟာ အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်
သင့်မျက်စိအတွက်ဆိုရင်ကော… ဘယ်လိုနည်းလမ်းကို ရွေးချယ်မလဲ❔ ကွန်မန့်မှာ ပြောခဲ့ပေးပါဦး! 👇