ရေတိမ်မျက်စဥ်းဆေးတွေ နေ့တိုင်းခတ်ရလို့ ငြီးငွေ့နေပြီလား⁉ ရေဖိအားမကျလို့ စိုးရိမ်နေပါသလား😰🚫
Blog Post

ရေတိမ်မျက်စဥ်းဆေးတွေ နေ့တိုင်းခတ်ရလို့ ငြီးငွေ့နေပြီလား⁉ ရေဖိအားမကျလို့ စိုးရိမ်နေပါသလား😰🚫

Published on 25th June, 2026

⚠️ သင်ကိုယ်တိုင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦး ရေတိမ်ရောဂါ ခံစားနေရရင် မျက်စိဖိအားကို နေ့စဉ်ထိန်းညှိရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ သိကြမှာပါ… ဒါပေမဲ့ ယနေ့ခေတ်နည်းပညာတွေ တိုးတက်လာတာကြောင့် လူပင်ပန်းသက်သာပီး ခေတ်မီတဲ့ကုသမှုနည်းလမ်းတွေ ရှိနေပါပြီ..

အဲဒါကတော့ MP3 လေဆာ (MicroPulse P3 Treatment) ပဲ ဖြစ်ပါတယ်👁️✨

💡 MP3 လေဆာဆိုတာ ဘာလဲ❔
👉 MP3 လေဆာဟာ ခွဲစိတ်ရန် လုံးဝမလိုတဲ့ နည်းပညာဖြစ်ပါတယ်။ မျက်စိဖိအားကို လျှော့ချပေးဖို့အတွက် မျက်စိအပြင်ဘက်ကနေပဲ ပြုလုပ်တဲ့ ကုသမှု ဖြစ်ပါတယ်။
ယခင်က လေဆာကုသမှုများတွင် အပူလှိုင်းကို ဆက်တိုက်သုံး‌သောကြောင့် မျက်စိတစ်ရှူးများကို ပျက်စီးစေနိုင်ပါတယ်။ ဒါပေမဲ့ MP3 လေဆာကတော့ MicroPulse နည်းပညာကို အသုံးပြုပြီး အလွန်တိုတောင်းတဲ့ လေဆာလှိုင်းတွေက မျက်စိတစ်ရှူးတွေကို လောင်ကျွမ်းမှုမရှိစေဘဲ မျက်စိအတွင်းရည် ထုတ်လုပ်မှုကို လျှော့ချပေးပြီး သဘာဝအရည်ထွက်လမ်းကြောင်းတွေကို ပွင့်သွားစေပါတယ်။

💜 MP3 လေဆာရဲ့အားသာချက်များ ~

✔️ ခွဲစိတ်ဒဏ်ရာနှင့် ချုပ်ရိုးမရှိခြင်း: မျက်စိကို ခွဲစိတ်ခြင်း လုံးဝမရှိလို့ ခွဲစိတ်မှုကြောင့် ဖြစ်တတ်တဲ့ ပိုးဝင်ခြင်း အန္တရာယ် မရှိသလောက်နည်းပါးပြီး အနာကျက် အလွန်မြန်ပါတယ်။
✔️ လျင်မြန်ပြီး နာကျင်မှုမရှိခြင်း: ထုံဆေးအစက်ချပြီး ဆေးရုံမှာတင် မိနစ်ပိုင်းအတွင်း ပြီးစီးနိုင်တဲ့ ကုထုံးဖြစ်ပါတယ်။ ကုသပြီးတာနဲ့ အိမ်ပြန်နိုင်ပါပြီ။
✔️ မျက်စဥ်းခတ်တဲ့အကြိမ်ရေ လျှော့ချနိုင်ခြင်း: သုတေသနလေ့လာမှုများအရ မျက်စိဖိအားကို ၃၀% မှ ၄၅% အထိ လျှော့ချပေးနိုင်လို့ နေ့စဉ်ခတ်နေရတဲ့ ရေတိမ်ဆေး drops အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
✔️ အကြိမ်ကြိမ် ပြန်လည်ကုသနိုင်ခြင်း:မျက်စိတစ်ရှူးတွေကို ပျက်စီးစေခြင်း သို့မဟုတ် အမာရွတ်ထင်ကျန်စေခြင်း မရှိတဲ့အတွက် နောင်တစ်ချိန်မှာ လိုအပ်ရင်လည်း ဘေးကင်းစွာ ထပ်မံကုသနိုင်ပါတယ်။

👨 ဘယ်လိုလူနာတွေနဲ့ သင့်တော်သလဲ❔
👉 MP3 လေဆာဟာ ရေတိမ်လူနာ အတော်များများနဲ့ သင့်တော်ပါတယ်။ အထူးသဖြင့် နေ့တိုင်းဆေးခတ်ဖို့ မေ့တတ်သူတွေ၊ ရေတိမ်ဆေးကြောင့် မျက်စိယားယံ/နီမြန်းတဲ့ ဘေးထွက်ဆိုးကျိုး ခံစားနေရသူတွေ၊ ဒါမှမဟုတ် ခွဲစိတ်ခန်းဝင်ပြီး ခွဲစိတ်မှုကြီးတွေ ပြုလုပ်ရမှာကို ရှောင်လွှဲချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

“မျက်စိအမြင်အာရုံကို တိတ်တဆိတ်ခိုးယူသူ” ဖြစ်တဲ့ ရေတိမ်ရောဂါကြောင့် သင့်အမြင်အာရုံ မဆုံးရှုံးပါစေနဲ့!! ယနေ့ပဲ ISEC Myanmar ရဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသပြီး ရေတိမ်ရောဂါ စစ်ဆေးမှုများကို ခံယူလိုက်ပါ💬

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821