Multifocal, Trifocal IOL for Cataract
Blog Post

Multifocal, Trifocal IOL for Cataract

Published on 5th May, 2023

အတွင်းတိမ်ကြောင့် မြင်ကွင်းမရှင်းမလင်းဖြစ်နေပြီလား၊ ခွဲစိတ်ပြီးလည်း မျက်မှန်ပြန်တပ်ရမှာအတွက် စိတ်ပူနေပါသလား
✨နေ့စဉ်တွေ့မြင်နေရတဲ့ မြင်ကွင်းတွေက မျက်လုံးအတွင်းမှာရှိတဲ့ မှန်ဘီလူးကို ဖြတ်ပြီးလာရတာမို့ သဘာဝမှန်ဘီလူးက ကြည်လင်တော့ခြင်း မရှိဘဲ နောက်ကျိပြီး အလင်းပိတ်လာတဲ့အခါ မြင်ကွင်းတွေက မြူတွေဆိုင်းသလို မှိုင်းလာတတ်ပါတယ်✨
✨ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို အတွင်းတိမ် (cataract) လို့ ခေါ်ပါတယ် ✨
🧓🏾သက်ကြီးပိုင်းတွေတင်မကဘဲ သက်လတ်ပိုင်းတွေမှာပါ အကြောင်းအမျိုးမျိုးကြောင့် အတွင်းတိမ် (cataract) ဖြစ်တတ်တာမို့ မပေါ့ဆသင့်ပါဘူး 🧓🏾
ဒါပေမယ့် အတွင်းတိမ်ဖြစ်လို့ စိတ်ပူစရာလုံးဝမလိုဘူးနော်။ ခွဲစိတ်လို့ အရှင်းပျောက်ကင်းနိုင်ပါတယ်။
ဒါဆိုခွဲပြီးရင်ရော နှာခေါင်းအလေးခံပြီး လောကကြီးကို ဘောင်ခတ်ကြည့်နေရအုံးမှာလားလို့ တွေးပူမနေပါနဲ့တော့။
အတွင်းတိမ်ခွဲစိတ်ပြီး သဘာဝမှန်ဘီလူးနေရာမှာ Multifocal/Trifocal IOL လို့ခေါ်တဲ့မှန်ဘီလူး ထည့်သွင်းကုသပြီး လုံးဝအလန်းစားနေလို့ရပြီနော်။
သူ့ရဲ့အားသာချက်တွေက –
🔎 Cylinder power များတဲ့သူတွေအတွက် အတွင်းတိမ်ခွဲပြီး cylinder မျက်မှန်ပြန်တပ်ရတဲ့ ဒုက္ခကနေကင်းစေတယ်
🔎 မျက်မှန်မေ့ကျန်တတ်တဲ့သူတွေအတွက် စာတွေမမြင်ရလို့ သူများကို ဖတ်ပြခိုင်းရတဲ့ ပြဿနာတွေရှင်းစေတယ်။
🔎 နီးနီးနေမလား၊ ဝေးဝေးလား၊ အလယ်မှာပဲ ရပ်နေမလား ကြိုက်တဲ့အကွာအဝေးမှာနေ မြင်ကွင်းကြည်ကြည်လင်လင်မြင်ရလို့ အဝေးကြည့်၊ စာကြည့်မျက်မှန်မျိုးစုံ သယ်ရတာမျိုး သက်သာစေတယ်။
🔎 အလှကြိုက်တဲ့ ပျိုပျိုတွေအတွက် eyeshadow, eyeliner သုံးပြီး မျက်လုံးအလှကိုအစွမ်းကုန်ခြယ်သနိုင်ပါတယ်။
🔎 ဒါ့အပြင် ကိုကိုတို့ ပျိုပျိုတို့အတွက် မျက်မှန်လုံးဝမလိုတော့လို့ စမတ်ကျကျ အလန်းစားနေကာမျက်မှန်တွေ စိတ်ကြိုက်ရွေးချယ်တပ်နိုင်အုံးမှာ။
ဒါတွေအကုန်အဆင်ပြေနိုင်ဖို့ အတွင်းတိမ်ကို ခွဲစိတ်ပြီး Multifocal/Trifocal IOL မှန်ဘီလူး ထည့်သွင်းကုသနိုင်ရန် အခုပဲ နိုင်ငံတကာအဆင့်မီ ISEC Myanmar မှာ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလိုက်ပါ။
အသေးစိတ်သိရှိလိုပါက
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821