👁️ ၁ စက္ကန့်တည်းနဲ့ သင့်မျက်စိအမြင်အာရုံကို စမ်းသပ်ကြည့်ရအောင်…👀
Blog Post

👁️ ၁ စက္ကန့်တည်းနဲ့ သင့်မျက်စိအမြင်အာရုံကို စမ်းသပ်ကြည့်ရအောင်…👀

Published on 3rd September, 2026

ဒီ Post ကို ဖတ်နေရင်း အခုပဲ ခဏလောက် အချိန်ပေးပြီး စမ်းကြည့်လိုက်ပါ 👇
1️⃣ ညာဘက်မျက်စိကို လက်နဲ့အသာအုပ်ပြီး ဘယ်ဘက်မျက်စိနဲ့ စာလုံးတွေကို ဖတ်ကြည့်ပါ
2️⃣ ပြီးရင် ဘယ်ဘက်မျက်စိကို အုပ်ပြီး ညာဘက်မျက်စိနဲ့ ထပ်ဖတ်ကြည့်ပါ

❗ဘယ်လိုလဲ? နှစ်ဖက်လုံးရဲ့ အမြင်ရှင်းလင်းမှုက တကယ်ရော တူရဲ့လား ❓

လူအများစုဟာ မျက်စိနှစ်ဖက်လုံး ဖွင့်ကြည့်လေ့ရှိတာကြောင့် မျက်စိတစ်ဖက်တည်း အမြင်အာရုံ ကျဆင်းလာတာကို သတိမထားမိဘဲနေတတ်ကြပါတယ်💁‍♀️

မျက်စိတစ်ဖက် အမြင်ဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံကျဆင်းခြင်းဟာ ~
👓 မျက်မှန်ပါဝါ ပြောင်းလဲခြင်း
👁️ Cataract (အတွင်းတိမ်)
⚠️ Glaucoma (ရေတိမ်)
🩸 ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါနှင့် Retina (မြင်လွှာ) ပြဿနာများဖြစ်နိုင်တာမလို့
“မျက်စိမနာဘူး၊ မစပ်ဘူးဆိုတော့ အကောင်းကြီးပါပဲ” လို့ တွေးပြီး မပေါ့ဆပါနဲ့!!

သင့်မျက်စိအမြင်အာရုံ ကျန်းမာရေးအတွက် ISEC Eye Centre Myanmar မှာ နောက်ဆုံးပေါ်အဆင့်မြင့်စက်ကိရိယာများ၊ အထူးကုဆရာဝန်ကြီးများနှင့် မှန်ကန်တိကျစွာ စစ်ဆေးကုသလိုက်ပါ🏥

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821