👁 အတွင်းတိမ်ခွဲစိတ်ပြီး ပြန်အစားထိုးဖို့ ဘယ်မှန်ဘီလူးအမျိုးအစား (IOL) က သင်နဲ့အကိုက်ညီဆုံးလဲ💡🤔
Published on 18th August, 2026
အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူတော့မယ်ဆိုရင် အရေးကြီးဆုံးအရာတစ်ခုက မိမိမျက်လုံးထဲမှာ တစ်သက်လုံးထည့်သွင်းသွားမယ့် မှန်ဘီလူး (Intraocular Lens – IOL) ကို ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်✅
မှုန်ဝါးနေတဲ့ အမြင်အာရုံတွေကို နှုတ်ဆက်ပြီး ကြည်လင်ပြတ်သားတဲ့ ကမ္ဘာသစ်ကို ပြန်လည်မြင်တွေ့နိုင်ဖို့ မှန်ဘီလူးတစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို ပုံထဲမှာ အတူတူနှိုင်းယှဉ်ကြည့်လိုက်ရအောင်🔍
💡 ဘာကြောင့် မှန်ဘီလူးရွေးချယ်မှုက အရေးကြီးတာလဲ?
✔️မှန်ဘီလူးမှန်မှ ခွဲစိတ်ပြီးနောက် ရရှိမည့်အမြင်အာရုံ ကောင်းမွန်မှာဖြစ်ပြီး မိမိရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ကိစ္စရပ်များ၊ ဝါသနာများ (စာဖတ်ခြင်း၊ အားကစားလုပ်ခြင်း၊ ကွန်ပျူတာသုံးခြင်း) နဲ့ ကိုက်ညီမှသာ ရေရှည်မှာ စိတ်ချမ်းသာမှု ရရှိစေမှာ ဖြစ်ပါတယ်။
🏥ISEC Myanmar တွင် လူနာတစ်ဦးချင်းစီ၏ မျက်စိတည်ဆောက်ပုံနှင့် လူနေမှုဘဝ (Lifestyle) အပေါ် မူတည်ပြီး အသင့်တော်ဆုံးဖြစ်မည့် မှန်ဘီလူးအမျိုးအစားကို အထူးကုဆရာဝန်ကြီးများကသေချာစွာ တိုင်ပင်ဆွေးနွေး အကြံပြုရွေးချယ်ပေးနေပါတယ်။
သင့်မျက်စိနဲ့ ဘယ်မှန်ဘီလူးက အကိုက်ညီဆုံးဖြစ်မလဲဆိုတာ သိရှိနိုင်ဖို့ ISEC ရဲ့ မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများနှင့်စစ်ဆေးဖို့ အခုပဲ ရက်ချိန်းရယူ ဆွေးနွေးလိုက်ပါ📩