❓ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အကြည့်များလို့ပဲ မျက်လုံးတွေ ညောင်းညာပြီး ခြောက်သွေ့နေတာလား… 📱💻
Blog Post

❓ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အကြည့်များလို့ပဲ မျက်လုံးတွေ ညောင်းညာပြီး ခြောက်သွေ့နေတာလား… 📱💻

Published on 15th July, 2026

တကယ်တော့ ဒါဟာ ရိုးရိုးမျက်စိညောင်းတာတင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ရာကနေ စတင်တဲ့ Sjögren’s Syndrome လို့ခေါ် တဲ့ရောဂါ ရဲ့ ရှေ့ပြေးလက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်⚠️

Sjögren’s Syndrome ဆိုတာ ကိုယ်ခံအားစနစ်ကနေ ခန္ဓာကိုယ်ထဲက အရည်ကြည်ထုတ်ပေးတဲ့ အကျိတ်တွေကို မှားယွင်းတိုက်ခိုက်မိရာကနေ ခံတွင်းခြောက်တာ၊ မျက်စိခြောက်တာတွေကို ဖြစ်စေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်👩

သင်ကိုယ်တိုင်ရော ဒီလိုလက္ခဏာတွေ ခံစားနေရပြီလား ⁉🤔
🔻မျက်လုံးထဲမှာ ခြောက်သွေ့ပီး သဲဝင်နေသလိုမျိုး တစပ်စပ်နဲ့ ခံရခက်တာ
🔻မျက်လုံးက စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နီရဲနေတာ
🔻အလင်းရောင်စူးစူးတွေကို မကြည့်နိုင်ဘဲ အရမ်းစူးရှနေတာ
🔻အမြင်အာရုံတွေ ခဏခဏ ဝေဝါးသွားတတ်တာ

💧 မျက်ရည်ဆိုတာ မျက်ဝန်းကို ကာကွယ်ပေးဖို့ ဆီ၊ ရေ၊ နဲ့ အကျိအချွဲဓာတ်တွေ မျှတစွာ ပါဝင်နေရတာပါ… Sjögren’s Syndrome က ဒီမျှခြေကို ဖျက်ဆီးလိုက်တဲ့အခါ မျက်ကြည်လွှာမှာ အနာတရဖြစ်တာ၊ ပိုးဝင်တာမျိုးအထိ ဆိုးရွားသွားနိုင်ပါတယ်❗

မျက်ဝန်းလေးတွေ ပြန်လည်စိုပြေဖို့ အတူတူ ဂရုစိုက်ကြစို့ 💧
✔️ ဆရာဝန်ညွှန်ကြားတဲ့ Preservative-free (တာရှည်ခံဆေးမပါတဲ့) မျက်စိခတ်ဆေးတွေ အသုံးပြုပါ။
✔️ဖန်သားပြင်ကြည့်ချိန်ကို လျှော့ချပြီး မျက်တောင်ခဏခဏ ခတ်ပေးပါ။
✔️နေပူထဲသွားရင် မျက်ဝန်းကို အကာအကွယ်ပေးမယ့် နေကာမျက်မှန် တပ်ဆင်ပါ။
✔️အိမ်မှာ (သို့မဟုတ်) ရုံးခန်းထဲမှာ Humidifier (ရေငွေ့ပေးစက်) လေးတွေ သုံးပေးပါ။

ပုံမှန်လို့ထင်ရတဲ့ “မျက်စိခြောက်တာ” ကနေ သင့်ရဲ့ နေ့စဉ်လူမှုဘဝ ဖြတ်သန်းမှုကို အနှောင့်အယှက် မဖြစ်ပါစေနဲ့! မိမိမှာ ဒီလို ဝေဒနာမျိုးတွေကို ရေရှည်ခံစားနေရတယ်ဆိုရင်တော့ ခေတ်မီစမ်းသပ်ကိရိယာတွေနဲ့ ကျွမ်းကျင်တဲ့ မျက်စိအထူးကုဆရာဝန်ကြီးများ ရှိရာ ISEC Eye Centre Myanmar သို့ လာရောက်ဆွေးနွေး တိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်✨

📩 ပိုမိုသိရှိလိုသည်များကို Chat Box ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းဆက်ပီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821