မျက်စိစွေခြင်းနဲ့ပတ်သက်သည့် လက္ခဏာရပ်များ
Blog Post

မျက်စိစွေခြင်းနဲ့ပတ်သက်သည့် လက္ခဏာရပ်များ

Published on 29th August, 2023

မျက်စိစွေစောင်းခြင်းကြောင့် သင့်ယုံကြည်မှု မပျောက်ဆုံးဖို့ ချက်ချင်း ကုသမှုခံယူလိုက်ပါ။
မျက်စိနဲ့ ပတ်သက်တဲ့ ကျန်းမာရေးထဲမှ အရေးကြီးသော ဝေဒနာတခုဖြစ်သည့် မျက်စိစွေခြင်းနဲ့ပတ်သက်သည့် လက္ခဏာရပ်များ ဖြစ်ပေါ်တတ်သည့် ဝေဒနာများကိုလဲ ဝေမျှပေးပါရစေ။
✅ မျက်စိစွေသူများတွင် မျက်စိသူငယ်အိမ်သည် တစ်ဖက်နှင့်တစ်ဖက်မညီဘဲ စောင်းနေတတ်ပါသည်။
✅ မျက်စိကိုထိန်းချုပ်ထားသော ကြွက်သား(၆)ခု၏ အလုပ်လုပ်ဆောင်မှုပုံမှန်မရှိခြင်းကြောင့် မျက်စိသူငယ်အိမ်အနေအထား ပုံမှန်မရှိဘဲ စောင်းရွဲ့ခြင်းကို ဖြစ်စေပါသည်။
✅ မျက်စိစွေခြင်းတွင် အတွင်းစွေခြင်း၊ အပြင်စွေခြင်း၊ အပေါ်စွေခြင်း၊ အောက်စွေခြင်း အစရှိသည်ဖြင့် ပုံစံများ ကွဲပြားနိုင်ပါတယ်။
မျက်စိစွေသူများတွင်~
👉မျက်စိအမြင်အားမကောင်းခြင်း
👉ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း
👉မျက်စိရွေ့လျားမှုထိန်းချုပ်ရာတွင်ခက်ခဲခြင်း တို့ကို ခံစားရနိုင်ပါသည်။
✅ မျက်စိစွေခြင်းကို အချိန်မှီ မကုသပါက မျက်စိအာရုံကြောသေရောဂါ lazy eye ကို ခံစားရပြီး ကုသ၍မရသော အမြင်အားနည်းခြင်း(irreversible vision loss)အထိဖြစ်စေနိုင်ပါသည်။
✅ ခွဲစိတ်၍ မျက်စိသူငယ်အိမ်ကို ပြန်လည်တည့်မတ်ပြီးပါက မျက်စိအမြင်အားများ သိသိသာသာပြန်လည်ကောင်းမွန်လာပြီး မျက်စိလှုပ်ရှားမှုကို ပိုမိုထိန်းချုပ်လာနိုင်သည့်အတွက် နေ့စဉ်နေထိုင်မှုဘဝတွင် ပိုမိုအဆင်ပြေသွားပါလိမ့်မည်။
မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️
အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821