အမြင်တွေကြည့်ရတာဝါးနေပြီလား⁉ မျက်မှန်တပ်ဖို့လိုနေပြီဆိုတာ ပြသနေတဲ့လက္ခဏာ (၁၀) ချက်🤓
Blog Post

အမြင်တွေကြည့်ရတာဝါးနေပြီလား⁉ မျက်မှန်တပ်ဖို့လိုနေပြီဆိုတာ ပြသနေတဲ့လက္ခဏာ (၁၀) ချက်🤓

Published on 7th June, 2026

ဖုန်းကြည့်ရင်ပဲဖြစ်ဖြစ်၊ စာဖတ်ရင်ပဲဖြစ်ဖြစ် မျက်လုံးကအရင်လိုကြည်ကြည်လင်လင် မရှိတော့ဘူးလို့ ခံစားနေရပြီလား❔ 🧐 မျက်မှန်တပ်ဖို့ လို၊ မလိုဆိုတာက တစ်ခါတလေ ကိုယ့်ဘာသာသတိမထားမိဘဲ နေတတ်ကြပါတယ်…. ဒါကြောင့် ဒီလက္ခဏာ (၁၀) ချက်ကို စစ်ဆေးကြည့်လိုက်ရအောင်!
1️⃣ကြည့်ရတာ ဝါးနေခြင်း: အဝေးကစာတွေကို ဖတ်မရတော့တာ ဒါမှမဟုတ် အနီးကအရာဝတ္ထုတွေ ဝါးနေတာ
2️⃣ ညဘက် အမြင်အာရုံအားနည်းခြင်း: မှောင်တဲ့အချိန် ဒါမှမဟုတ် ညဘက်ကားမောင်းတဲ့အခါ အရင်ကထက်ပိုခက်ခဲလာတာ
3️⃣မျက်လုံးကို မှေးပြီးကြည့်ရခြင်း: အရာဝတ္ထုတစ်ခုခုကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ မျက်လုံးကိုခဏခဏ မှေးကြည့်နေရတာ
4️⃣ မျက်လုံး ညောင်းညာခြင်: ဖုန်းကြည့်တာ၊ စာဖတ်တာ နည်းနည်းကြာရုံနဲ့ မျက်လုံးကအရမ်းပင်ပန်းသလို ခံစားရတာ
5️⃣ခေါင်းခဏခဏ ကိုက်ခြင်း: အမြင်အာရုံမကြည်လင်တာကြောင့် မျက်လုံးကအားစိုက်ကြည့်ရပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတာ
6️⃣ အလင်းရောင်ကိုမခံနိုင်ခြင်း: မီးရောင် ဒါမှမဟုတ် နေရောင်အောက်မှာ မျက်လုံးကအရမ်းစူးပြီး ဖွင့်ရခက်နေတာ
7️⃣ပုံရိပ်နှစ်ထပ်မြင်ရခြင်း: အရာဝတ္ထုတစ်ခုတည်းကို နှစ်ခုဖြစ်နေသလို ပုံရိပ်ထပ်မြင်နေရတာ
8️⃣ ဖုန်း သို့မဟုတ် စာအုပ်ကို အနီးကပ်ကြည့်ခြင်း:အရင်ကထက် ပိုနီးနီးကပ်ကပ်ကြည့်မှမြင်ရတော့တာ
9️⃣ မျက်လုံးပွတ်ခြင်း: အမြင်အာရုံဝေဝါးလို့ ခဏခဏ မျက်လုံးကို ပွတ်နေမိတာ
🔟 အလင်းဝိုင်းများ မြင်ရခြင်း: မီးလုံးတွေကိုကြည့်တဲ့အခါ ဘေးမှာအလင်းဝိုင်းတွေ ရောင်စဉ်တွေ ဖြာထွက်နေသလိုမြင်ရတာ…
ဒီအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့စိတ်မပူပါနဲ့! ISEC Myanmar မှာနောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာတွေ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးတွေနဲ့ အမြင်အာရုံကို သေချာစစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ…

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821