What is squints and how squints affect vision?
Blog Post

What is squints and how squints affect vision?

Published on 10th May, 2023

မျက်စိစွေစောင်းခြင်းကြောင့် သင့်ယုံကြည်မှု မပျောက်ဆုံးဖို့
ချက်ချင်း ကုသမှုခံယူလိုက်ပါ။

မျက်စိနဲ့ ပတ်သက်တဲ့ ကျန်းမာရေးထဲမှ အရေးကြီးသော ဝေဒနာတခုဖြစ်သည့် မျက်စိစွေခြင်းနဲ့ပတ်သက်သည့် လက္ခဏာရပ်များ ဖြစ်ပေါ်တတ်သည့် ဝေဒနာများကိုလဲ ဝေမျှပေးပါရစေ။
✅ မျက်စိစွေသူများတွင် မျက်စိသူငယ်အိမ်သည် တစ်ဖက်နှင့်တစ်ဖက်မညီဘဲ စောင်းနေတတ်ပါသည်။
✅ မျက်စိကိုထိန်းချုပ်ထားသော ကြွက်သား(၆)ခု၏ အလုပ်လုပ်ဆောင်မှုပုံမှန်မရှိခြင်းကြောင့် မျက်စိသူငယ်အိမ်အနေအထား ပုံမှန်မရှိဘဲ စောင်းရွဲ့ခြင်းကို ဖြစ်စေပါသည်။
✅ မျက်စိစွေခြင်းတွင် အတွင်းစွေခြင်း၊ အပြင်စွေခြင်း၊ အပေါ်စွေခြင်း၊ အောက်စွေခြင်း အစရှိသည်ဖြင့် ပုံစံများ ကွဲပြားနိုင်ပါတယ်။
မျက်စိစွေသူများတွင်
👉မျက်စိအမြင်အားမကောင်းခြင်း
👉ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း
👉မျက်စိရွေ့လျားမှုထိန်းချုပ်ရာတွင်ခက်ခဲခြင်း တို့ကို ခံစားရနိုင်ပါသည်။

✅ မျက်စိစွေခြင်းကို အချိန်မှီ မကုသပါက မျက်စိအာရုံကြောသေရောဂါ lazy eye ကို ခံစားရပြီး ကုသ၍မရသော အမြင်အားနည်းခြင်း(irreversible vision loss)အထိဖြစ်စေနိုင်ပါသည်။
✅ ခွဲစိတ်၍ မျက်စိသူငယ်အိမ်ကို ပြန်လည်တည့်မတ်ပြီးပါက မျက်စိအမြင်အားများ သိသိသာသာပြန်လည်ကောင်းမွန်လာပြီး မျက်စိလှုပ်ရှားမှုကို ပိုမိုထိန်းချုပ်လာနိုင်သည့်အတွက် နေ့စဉ်နေထိုင်မှုဘဝတွင် ပိုမိုအဆင်ပြေသွားပါလိမ့်မည်။

မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️

အသေးစိတ်သိရှိလိုပါက
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821