အတွင်းတိမ်ခွဲစိတ်မှုကို ဘယ်အချိန်မှာ ပြုလုပ်သင့်လဲ
Blog Post

အတွင်းတိမ်ခွဲစိတ်မှုကို ဘယ်အချိန်မှာ ပြုလုပ်သင့်လဲ

Published on 10th August, 2023

✨အတွင်းတိမ်ခွဲစိတ်မှုကို ဘယ်အချိန်မှာ ပြုလုပ်သင့်လဲ ✨
🔷 အတွင်းတိမ်ခွဲစိတ်ခြင်းကို အရေးပေါ်ပြုလုပ်ရန်မလိုအပ်ပါဖူး။ သို့ပေမယ့် အတွင်းတိမ်ကြောင့် ခံစားနေရတဲ့ လက္ခဏာတွေကတော့ အချိန်ကြာလေ ပိုမိုခံစားရလေ ဖြစ်ပါမယ်။
🔷 ၎င်းလက္ခဏာများကို မျက်စဉ်းထည့်ခြင်း (သို့) ဆေးစားခြင်းဖြင့် သက်သာပျောက်ကင်းအောင် မပြုလုပ်နိုင်ပါ။ အတွင်းတိမ်ခွဲစိတ်၍ မှန်ဘီလူးအစာထိုးခြင်း တခုထဲကသာ ကြည်လင်ပြတ်သားသော အမြင်အားကို ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။
🔷 ထို့အတွက်ကြောင့် မိမိရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပီဆိုရင်တော့ အတွင်းတိမ်ခွဲစိတ်ဖို့ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
🔷 ၎င်းအပြင် အတွင်းတိမ်ခွဲစိတ်ရန်အတွက် အတွင်းတိမ်ရင့်မှည့်သည့်အချိန်အထိ စောင့်ရန်မလိုအပ်ပါ။ အတွင်းတိမ်ကို စောလျင်စွာခွဲစိတ်ခြင်းဖြင့် ခွဲစိတ်ပြီးနောက်ပိုင်း အမြင်အားပိုမိုကောင်းမွန်ခြင်း၊ ပုံမှန်အမြင်အားကို စောလျင်စွာရရှိခြင်း၊ ခွဲစိတ်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ မရှိသလောက်နည်းပါးခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရနိုင်ပါသည်။
🔷 မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821