လုပ်ငန်းခွင်အတွင်း မျက်စိကျန်းမာရေးဘေးကင်းစေဖို့ Workplace Eye Wellness
Blog Post

လုပ်ငန်းခွင်အတွင်း မျက်စိကျန်းမာရေးဘေးကင်းစေဖို့ Workplace Eye Wellness

Published on 1st March, 2024

✨လုပ်ငန်းခွင်အတွင်း မျက်စိကျန်းမာရေးဘေးကင်းစေဖို့ 𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐄𝐲𝐞 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬✨

𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐄𝐲𝐞 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 ကိုကျင်းပလေ့ရှိတဲ့ March လဟာဆိုရင် လုပ်ငန်းခွင်အတွင်းမျက်စိကျန်းမာရေးဘေးကင်းစေရန်အတွက် အသိပညာပေးမျှဝေတဲ့အချိန်ဖြစ်ပါတယ်။

💁‍♀️အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ လုပ်ရတာပဲဖြစ်ဖြစ် ဓာတုပစ္စည်းတွေကို ကိုင်တွယ်ရတဲ့အခါပဲဖြစ်ဖြစ် သင့်တင့်တဲ့ မျက်လုံးအကာအကွယ်ကို အမြဲဝတ်ဆင်ဖို့လိုသလို နေ့စဉ် ကွန်ပျူတာကြည့်နေရတဲ့သူတွေလည်း မျက်စိညောင်းခြင်းအတွက် ပုံမှန်အနားယူသင့်ပါတယ်။

🔹 လုပ်ငန်းခွင်မှာ ဘယ်လိုရာထူးပဲလုပ်နေပါစေ မျက်လုံးကို ဂရုစိုက်မှာသာ လုပ်နိုင်စွမ်းအားနဲ့ကျန်းမာရေးကို ထိန်းသိမ်းနိုင်မှာမို့ မျက်စိအနားယူတဲ့အခါ မိနစ် 20 တိုင်း၊ ပေ 20 အကွာက တစ်ခုခုကို အနည်းဆုံး စက္ကန့် 20 ကြာ ကြည့်ရမယ်ဆိုတဲ့ 20-20-20 စည်းမျဉ်းကို လိုက်နာခြင်း၊
🔹 workstation ကို မှန်ကန်စွာ အလင်းရောင်ရရှိစေရန် သေချာစီစဉ်ထားခြင်း၊
🔹 အလင်းရောင်နှင့် ရောင်ပြန်ဟပ်မှုကို လျှော့ချရန် ergonomically ဒီဇိုင်းထုတ်ထားသော စက်ကိရိယာများကို အသုံးပြု၍ သင့်ကွန်ပြူတာမျက်နှာပြင်ကို ချိန်ညှိခြင်း၊
🔹 ခြောက်သွေ့သော သို့မဟုတ် လေအေးပေးစက်ရှိသော ပတ်ဝန်းကျင်တွင် ပုံမှန် မျက်တောင်ခတ်ခြင်းဖြင့် မျက်လုံးကို ရေဓာတ်ထိန်းသိမ်းခြင်း စတဲ့အချက်တွေအတိုင်း လိုက်နာဖို့လိုအပ်ပါတယ်။

ရေတိမ်နှင့် ဆီးချိုမျက်မြင်လွှာရောဂါလိုမျိုး မျက်စိအခြေအနေတွေက အစောပိုင်းမှာ သိသာထင်ရှားတဲ့လက္ခဏာတွေ မပြနိုင်တာမို့ မျက်လုံးစစ်ဆေးမှုတွေကို ပုံမှန် ပြသင့်ပါတယ်။

👉 လုပ်ငန်းခွင်တွင် မျက်စိကျန်းမာရေးနှင့် ဘေးကင်းရေးကို သတိပေးတဲ့ ဒီလထဲမှာ ပုံမှန်မျက်စိစစ်ဆေးမှုများမြှင့်တင်ခြင်း၊ မျက်စိကျန်းမာရေးကို ဂရုစိုက်ပေးခြင်းဖြင့် ဝန်ထမ်းတွေရဲ့အမြင်အာရုံကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး ကျန်းမာတဲ့မျက်စိအမြင်အာရုံနဲ့ လုပ်ငန်းခွင်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ISEC Myanmar မှ အကြံပြုလိုက်ရပါတယ်ရှင်။

မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️

အသေးစိတ်သိရှိလိုပါက~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821