
Multifocal, Trifocal IOL for Cataract
Published on 5th May, 2023
အတွင်းတိမ်ကြောင့် မြင်ကွင်းမရှင်းမလင်းဖြစ်နေပြီလား၊ ခွဲစိတ်ပြီးလည်း မျက်မှန်ပြန်တပ်ရမှာအတွက် စိတ်ပူနေပါသလားနေ့စဉ်တွေ့မြင်နေရတဲ့ မြင်ကွင်းတွေက မျက်လုံးအတွင်းမှာရှိတဲ့ မှန်ဘီလူးကို ဖြတ်ပြီးလာရတာမို့ သဘာဝမှန်ဘီလူးက ကြည်လင်တော့ခြင်း မရှိဘဲ နောက်ကျိပြီး အလင်းပိတ်လာတဲ့အခါ မြင်ကွင်းတွေက မြူတွေဆိုင်းသလို မှိုင်းလာတတ်ပါတယ်
ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို အတွင်းတိမ် (cataract) လို့ ခေါ်ပါတယ်
သက်ကြီးပိုင်းတွေတင်မကဘဲ သက်လတ်ပိုင်းတွေမှာပါ အကြောင်းအမျိုးမျိုးကြောင့် အတွင်းတိမ် (cataract) ဖြစ်တတ်တာမို့ မပေါ့ဆသင့်ပါဘူး
ဒါပေမယ့် အတွင်းတိမ်ဖြစ်လို့ စိတ်ပူစရာလုံးဝမလိုဘူးနော်။ ခွဲစိတ်လို့ အရှင်းပျောက်ကင်းနိုင်ပါတယ်။
ဒါဆိုခွဲပြီးရင်ရော နှာခေါင်းအလေးခံပြီး လောကကြီးကို ဘောင်ခတ်ကြည့်နေရအုံးမှာလားလို့ တွေးပူမနေပါနဲ့တော့။
အတွင်းတိမ်ခွဲစိတ်ပြီး သဘာဝမှန်ဘီလူးနေရာမှာ Multifocal/Trifocal IOL လို့ခေါ်တဲ့မှန်ဘီလူး ထည့်သွင်းကုသပြီး လုံးဝအလန်းစားနေလို့ရပြီနော်။
သူ့ရဲ့အားသာချက်တွေက – Cylinder power များတဲ့သူတွေအတွက် အတွင်းတိမ်ခွဲပြီး cylinder မျက်မှန်ပြန်တပ်ရတဲ့ ဒုက္ခကနေကင်းစေတယ်
မျက်မှန်မေ့ကျန်တတ်တဲ့သူတွေအတွက် စာတွေမမြင်ရလို့ သူများကို ဖတ်ပြခိုင်းရတဲ့ ပြဿနာတွေရှင်းစေတယ်။
နီးနီးနေမလား၊ ဝေးဝေးလား၊ အလယ်မှာပဲ ရပ်နေမလား ကြိုက်တဲ့အကွာအဝေးမှာနေ မြင်ကွင်းကြည်ကြည်လင်လင်မြင်ရလို့ အဝေးကြည့်၊ စာကြည့်မျက်မှန်မျိုးစုံ သယ်ရတာမျိုး သက်သာစေတယ်။
အလှကြိုက်တဲ့ ပျိုပျိုတွေအတွက် eyeshadow, eyeliner သုံးပြီး မျက်လုံးအလှကိုအစွမ်းကုန်ခြယ်သနိုင်ပါတယ်။
ဒါ့အပြင် ကိုကိုတို့ ပျိုပျိုတို့အတွက် မျက်မှန်လုံးဝမလိုတော့လို့ စမတ်ကျကျ အလန်းစားနေကာမျက်မှန်တွေ စိတ်ကြိုက်ရွေးချယ်တပ်နိုင်အုံးမှာ။
ဒါတွေအကုန်အဆင်ပြေနိုင်ဖို့ အတွင်းတိမ်ကို ခွဲစိတ်ပြီး Multifocal/Trifocal IOL မှန်ဘီလူး ထည့်သွင်းကုသနိုင်ရန် အခုပဲ နိုင်ငံတကာအဆင့်မီ ISEC Myanmar မှာ မျက်စိအထူးကုဆရာဝန်ကြီးတွေနဲ့ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလိုက်ပါ။
အသေးစိတ်သိရှိလိုပါက𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm



