
လေဆာနဲ့ပါဝါလျော့ထားသူများနှင့် အတွင်းတိမ်ရောဂါ
Published on 8th April, 2025
အတွင်းတိမ်ဆိုသည်မှာ မွေးရာပါမှန်ဘီလူးတွင် အညစ်အကြေးများစုပုံပီး အရောင်နောက်သွားကာ မာကျောလာခြင်း ဖြစ်ပါသည်။ အသက်ငယ်စဉ်အခါက လေဆာဖြင့်ပါဝါလျော့ထားသူများတွင်လဲ အသက်အရွယ်အရ တစ်ချိန်ချိန်တွင် အတွင်းတိမ်ဖြစ်လာပါလိမ့်မည်။ ထိုသို့ဖြစ်လာပါက အတွင်းတိမ်၏လက္ခဏာများဖြစ်သော အမြင်ဝါးခြင်း၊ အရောင်များပြောင်းလာခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခဲခြင်း အစရှိသည့် လက္ခဏာများကို ခံစားရပါသည်။ ထိုသို့ခံစားရပါက အတွင်းတိမ်ခွဲစိတ်အထူးကုများနှင့်ပြသပီး လိုအပ်သောစစ်ဆေးမှု၊ ခွဲစိတ်မှုများကို ရယူနိုင်ပါသည်။
လေဆာနှင့် ပါဝါလျော့ထားသူများသည် အခြားသူများနှင့်မတူဘဲ အတွင်းတိမ်ခွဲစိတ်ရန် စစ်ဆေးသည့်အခါ နောက်ဆုံးပေါ် ပါဝါစစ်ဆေးစက်များနှင့် စစ်ဆေးမှသာ မျက်လုံးထဲထည့်သွင်းရန် တိကျသေချာသော မှန်ဘီလူးပါဝါကို ရရှိမည်ဖြစ်ပါသည်။
လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်စိတစုံကို အမြဲကြည်လင်ပြတ်သားစွာဖြစ်နေစေဖို့ ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် စင်ကာပူမှ အတွင်းတိမ်အထူးကုဘွဲ့လွန်ယူထားတဲ့ မျက်စိဆရာဝန်ကြီးများနှင့် လာရောက်ပြသစစ်ဆေးပြီး ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆွေးနွေးကြည့်နိုင်ပါတယ်ရှင်။
အသေးစိတ်သိရှိလိုပါက~𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm