မျက်မှန်မလိုတဲ့ဘဝကို ရွေးချယ်မလား? LASIK လား ICL လား – သင့်မျက်လုံးအတွက်အကောင်းဆုံးဖြေရှင်းချက်✨
Published on 3rd May, 2026
✨ကြည်လင်တဲ့အမြင်အာရုံအတွက်အကောင်းဆုံးရွေးချယ်မှု! LASIK လား❔ ICL လား❔
မျက်မှန်အမြဲတမ်းတပ်နေရတာကို ငြီးငွေ့လို့ပဲဖြစ်ဖြစ်၊ မျက်မှန်မပါဘဲ ကြည်ကြည်လင်လင်မြင်ချင်တာပဲဖြစ်ဖြစ် ပါဝါဖျောက်ဖို့စဉ်းစားတဲ့အခါ LASIK နဲ့ ICL ဘယ်ဟာကိုရွေးချယ်ရမလဲဆိုပြီး ဝေခွဲမရဖြစ်တတ်ကြပါတယ်..ဒါကြောင့်ဒီနှစ်ခုရဲ့ ကွာခြားချက်နဲ့ တစ်ခုချင်းစီရဲ့အားသာချက် အားနည်းချက်တွေကို ရှင်းပြပေးလိုက်ပါတယ်…💁
📌LASIK (လေဆာနဲ့မျက်စိပါဝါဖျောက်ခြင်း)
LASIK ဆိုတာ မျက်ကြည်လွှာကို လေဆာနဲ့ပြန်လည်ပုံဖော်ပေးလိုက်ပီး လက်ရှိရှိနေတဲ့အဝေးနဲ့ ဆလင်ဒါပါဝါကို ဖျောက်ပေးတာပါ။ အဝေးမှုန်၊ ဆလင်ဒါပါဝါ ရှိတဲ့သူတွေနဲ့ မျက်ကြည်လွှာ အထူ ပုံမှန်ရှိသူတွေအတွက် သင့်တော်ပါတယ်
✔️ကုသချိန်စက္ကန့်ပိုင်းပဲအချိန်ပေးရပီး နောက်တစ်နေ့မှာတင် အမြင်အာရုံက သိသိသာသာ ကြည်လင်လာတတ်ပါတယ်
📌 ICL (မျက်စိထဲ မှန်ထည့်သွင်းခြင်း)
ICL ကတော့ မျက်စိထဲကို သေးငယ်ပြီးပျော့ပြောင်းတဲ့ မှန်ဘီလူးလေးတစ်ခု ထည့်သွင်းပေးတာပါ။ “မျက်စိထဲမှာ အမြဲတမ်းတပ်ထားတဲ့မှန်” လို့ပြောလို့ရပါတယ်။ မျက်ကြည်လွှာကို လေဆာနဲ့မပြုပြင်ဘဲ မျက်စိအတွင်းပိုင်းမှာ မှန်အပိုလေးတစ်ခု ထပ်ထည့်ပေးတာပါ။ အဝေးမှုန်ပါဝါ အရမ်းများတဲ့သူတွေ မျက်ကြည်လွှာအရမ်းပါးလို့ LASIK လုပ်လို့မရသူတွေအတွက်အထူးသင့်တော်ပါတယ်
✔️ဒီနည်းလမ်းက နောင်တစ်ချိန်မှာလိုအပ်ရင် ထည့်ထားတဲ့မှန်ကို ပြန်ထုတ်လို့ ဒါမှမဟုတ် အသစ်လဲလို့ရပါတယ်
🤔ဒါဆိုဘယ်နည်းလမ်းက ပိုကောင်းလဲ❓
တကယ်တော့ ဘယ်နည်းကပိုကောင်းတယ်ဆိုတာထက် သင့်မျက်စိနဲ့ ဘယ်နည်းလမ်းက ပိုကိုက်ညီလဲ ဆိုတာပိုအရေးကြီးပါတယ်💁 သင့်မျက်စိပါဝါနဲ့ မျက်လုံးအခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်ဖို့ နိုင်ငံခြားကိုသွားစရာမလိုဘဲ ISEC Myanmar မှာအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများ နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာများနဲ့ စမ်းသပ်စစ်ဆေးပီး ကုသမှုခံယူနိုင်ပါတယ် 👩⚕️