ကားစီးရင်း ဖုန်းအသုံးပြုခြင်းနှင့် မျက်စိကျန်းမာ
Blog Post

ကားစီးရင်း ဖုန်းအသုံးပြုခြင်းနှင့် မျက်စိကျန်းမာ

Published on 5th February, 2021

ယနေ့ခေတ် လူငယ်တော်တော်များများက ကားစီးရင်း ဖုန်းဖွင့်ပြီး ဗွီဒီယိုကြည့်၊ ဂိမ်းကစား၊ စာဖတ် လုပ်လေ့ရှိကြပါတယ်။

ဒီအမှုအကျင့်ဟာ တခါတရံ ပြုလုပ်သူတွေမှာ သိသာစွာ ထိခိုက်မှုမရှိသော်လည်း နေ့စဉ်ရက်ဆက် (ဥပမာ ကျောင်းသွား/ကျောင်းပြန်၊ ရုံးသွား/ရုံးပြန်) ပြုလုပ်မည်ဆိုပါက လှုပ်ရှားနေသော ကားပေါ်တွင် ပုံရိပ်ကို ကြာရှည်စွာ စူးစိုက်ကြည့်/အာရုံစိုက်ကြည့်ရခြင်းကြောင့် မျက်လုံးအတွင်းပိုင်းရှိ ဆီလီယာရီကြွက်သားများ ညောင်းညာခြင်း (Ciliary muscle spasm) ကို ဖြစ်ပေါ်စေပြီး မျက်စိညောင်းခြင်း (eye strain)၊ မျက်စိခြောက်ခြင်း (dry eye)၊ မျက်ရိုးကိုက်ခြင်း နှင့် ခေါင်းကိုက်ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်ပါတယ်။

ထို့အပြင် ရုတ်တရက် ဖုန်းမျက်နှာပြင်မှ မျက်နှာလွှဲ၍ အခြားနေရာကို ကြည့်သည့်အခါ (သို့မဟုတ်) ကားပေါ်မှဆင်းရန် အနေအထားပြင်လိုက်သည့်အခါမျိုးတွင် ရုတ်တရက် မျက်စိဝေဝါးသွားခြင်း (blur vision) ကို ခံစားရစေနိုင်ပြီး ခန္ဓာကိုယ် အနေအထားကို ယိမ်းယိုင်စေနိုင်ပါတယ်။

ဒါကြောင့် မျက်စိကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ရွှေ့လျားနေတဲ့ကားပေါ်မှာ ဖုန်းသုံးပြီး စာဖတ်တာ၊ ဂိမ်းဆော့တာ၊ Video ကြည့်တာတွေကို တတ်နိုင်သမျှ လျှော့သုံးသင့်ပါတယ်။

မလွှဲမရှောင်သာလို့ ကားစီးရင်း ဖုန်းသုံးမိရင်လဲ အချိန်ကြာကြာမသုံးစွဲခြင်းဖြင့် မိမိရဲ့ မျက်စိကို အန္တရာယ်ဖြစ်စေခြင်းမှ ရှောင်ကျဉ်နိုင်မည်ဖြစ်သလို ဖုန်းကြည့်ခြင်းကြောင့်ဖြစ်လာတဲ့ မျက်စိရောဂါဝေဒနာများ ခံစားရလျှင်လဲ လုံးဝ စိတ်မပူပါနဲ့……

သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မှီ ISEC မျက်စိအထူးကုဆေးရုံကြီးမှာ ပိတ်ရက်မရှိ လာရောက်ဆွေးနွေးကုသနိုင်ပါတယ်ရှင့်။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821