
စိတ်ပူပန်မှု ကင်းကင်းနဲ့ အတွင်းတိမ်ခွဲစိတ်ပါ
Published on 15th June, 2025
✨အတွင်းတိမ်ခွဲစိတ်ခြင်းသည် မျက်စိခွဲစိတ်မှုများတွင် 99.99% အောင်မြင်မှုရှိသော ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။
အတွင်းတိမ်ခွဲဖို့ တိမ်ရင့်မှည့်သည်အထိ စောင့်ရန်လိုအပ်ပါသလား ❓❓
✨အဖြေကတော့ မလိုအပ်ပါဘူး ၊ အမြင်အာရုံဝေဝါးခြင်းကို ခံစားရပြီဆိုတာနဲ့ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး အတွင်းတိမ်ခွဲစိတ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။
✨အတွင်းတိမ်ရင့်မှည့်သည်အထိစောင့်ပါက ခွဲစိတ်ပြီးနောက် အမြင်အားပုံမှန်ပြန်ရရန် အချိန်ပိုမိုကြာမြင့်ခြင်း ၊ ခွဲစိတ်ရာတွင် အန္တရာယ်ပိုများခြင်းများကို ကြုံတွေ့ရနိုင်ပါတယ်။
အသက်အရွယ်ကြီးမြင့်သူများ အတွင်းတိမ်ခွဲစိတ်လို့ မရဖူးဆိုတာ ရှိသလား ❓❓
✨မျက်စိအတွင်းတိမ်ခွဲစိတ်ဖို့ အသက်အရွယ်ကန့်သတ်ချက်မရှိပါ။ အတွင်းတိမ်ခွဲစိတ်ပြီး ကြည်လင်ပြတ်သားသောအမြင်အားကို အသက်အရွယ်မရွေး ပြန်လည်ရရှိနိုင်ပါတယ်။
အတွင်းတိမ်ခွဲစိတ်ပြီးနောက် အတွင်းတိမ် နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်သေးလား ❓❓
✨မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးနောက် မှန်ဘီလူးထည့်သွင်းခဲ့သည့်အတွက် နောက်တစ်ကြိမ် အတွင်းတိမ် ထပ်မဖြစ်စေနိုင်ပါ ၊ ထည့်သွင်းထားသော မှန်ဘီလူးကိုလဲ ပြန်လဲရန် မလိုအပ်ပါ ။
✨ISEC နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီးမှာ USA မှ Phacoemulsification ဖြင့် အတွင်းတိမ်ခွဲစိတ်နိုင်တဲ့အတွက် ခွဲစိတ်ချိန်မြန်ဆန်ခြင်း၊ နာကျင်မှုလုံးဝမရှိခြင်း၊ ဓားခွဲရာမရှိခြင်း၊ ချုပ်ရိုးမပါခြင်း၊ ခွဲစိတ်ပြီးနောက် အမြင်အားပိုမိုကောင်းမွန်ခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။
မျက်စိကျန်းမာရေးအတွက် ကုသဖို့လိုအပ်လာပြီဆိုရင် ဘာမှစိုးရိမ်တွေဝေမနေဘဲ 𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ အမြန်ဆုံး လှမ်းလာခဲ့လိုက်ပါနော်။
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm