Cataract Awareness Month
Blog Post

Cataract Awareness Month

Published on 2nd June, 2023

မိုးတွင်းအစလေးဖြစ်တဲ့ June လဟာ Cataract Awareness Month ပဲဖြစ်ပါတယ်။
👩‍⚕️အတွင်းတိမ်ဆိုသည်မှာ အသက်အရွယ်ကြောင့် မျက်စိထဲရှိ မွေး‌ရာပါမှန်ဘီလူးတွင် အညှိအကြေးများပုံလာပြီး အတွင်းတိမ်ဖြစ်လာကာ အမြင်ဝါးလာခြင်းဖြစ်ပါသည်။
အတွင်းတိမ်ဖြစ်စေသောအကြောင်းရင်းများမှာ

  • အသက်အရွယ်ကြီးခြင်း
  • သွေးတိုး၊ ဆီးချိုစသည့် ရောဂါအခံရှိခြင်း
  • နေရောင်ခြည်နှင့် ထိတွေမှုများခြင်း
  • steroidsဆေးများကို ကြာရှည်စွာ သောက်သုံးနေရခြင်း
  • မျက်စိကို ထိခိုက်ဒဏ်ရာရထားဖူးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း တို့ပဲဖြစ်ပါတယ်။
    👩‍⚕️အတွင်းတိမ်ကို ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့
    🔹ဆီးချို၊ သွေးတိုးမဖြစ်အောင် ငယ်စဉ်ကတည်းကအချိုအငံတွေလျော့စားပြီး နုပျိုကျန်းမာအောင် ဝိတ်ထိန်းကြမယ် ~
    🔹နေကာမျက်မှန်လေးတွေကို လည်း အလှအပအတွက်မဟုတ်ပဲ မျက်စိကျန်းမာရေးအတွက်တပ်ကြရအောင်။ အထူးသဖြင့် နေပူထဲမှာ လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေ၊ ခရီးမကြာခဏသွားကြရတဲ့သူတွေအနေနဲ့ နေကာမျက်မှန်ကို အမြဲဆောင်ထားသင့်တယ်နော် ~
    🔹မျက်လုံးထိခိုက်နိုင်တဲ့ အလုပ်အကိုင်နဲ့ အားကစားနည်းတွေလုပ်တဲ့အခါ အကာအကွယ်မျက်မှန် (protective goggles) တွေဝတ်စေချင်ပါတယ် ~
    🔹မျက်လုံးcheck up ကို အမြဲလုပ်နေပြီး မျက်လုံးအားကောင်းတဲ့ ဟင်းသီးဟင်းရွက်များနဲ့ omega 3 ပါတဲ့ ငါးများကို ကြိုးစားပြီး စားလိုက်ကြရအောင် ~
    🔹မျက်စိအမြင်နဲ့ပတ်သတ်ပြီး သံသယရှိတယ်ဆိုရင်တော့ မျက်စိ အတွင်းတိမ်အထူးကုဆရာဝန်များနဲ့ သေချာတိုင်ပင်ကုသလိုက်ပါနော် ~
    👁️ အတွင်းတိမ်ကို မခွဲစိတ်ဘဲ ကြာမြင့်စွာထားပါက မျက်လုံးအတွင်းရှိ ကြွက်သားများ၊ အာရုံကြောများပါ ထိခိုက်လာနိုင်ပါသည်။
    ထို့အတွက် အတွင်းတိမ်ရှိမှန်းသိလျှင် စောစီးစွာ ခွဲစိတ်ကုသမှုကို ခံယူသင့်ပါသည်။
    📞 သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါ။
    အသေးစိတ်သိရှိလိုပါက ~
    🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
    🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
    🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
    A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
    ☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
    📧 [email protected]
    🌐 www.isecmyanmar.com.mm
Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821