မျက်သားတက်ခြင်းရောဂါလက္ခဏာများအကြောင်း သိကောင်းစရာ
Blog Post

မျက်သားတက်ခြင်းရောဂါလက္ခဏာများအကြောင်း သိကောင်းစရာ

Published on 10th June, 2022

ISEC မျက်စိရောဂါအထွေထွေနှင့် အတွင်းတိမ်အထူးကုဆေးရုံကြီးမှ
မျက်စိရောဂါဝေဒနာများထဲတွင် မျက်သားတက်ခြင်းအကြောင်းနှင့် မျက်သားတက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။


🔹မျက်သားတက်ခြင်းဆိုသည်မှာ မျက်လုံးအတွင်းဖက်ထောင့်မှ ပန်းရောင်အသားစလေးတက်လာပြီး အပြင်ဖက်သို့ တဖြည်းဖြည်း ကြီးလာခြင်း ဖြစ်ပါသည်။
🔹မျက်သားတက်ခြင်း လက္ခဏာများစတင်ဖြစ်ပေါ်လာပါက စစချင်းတွင် မျက်လုံးနီခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်လုံးခိုးလို့ခုလုဖြစ်ခြင်းများကို ခံစားရပြီး တဖြည်းဖြည်းကြီးလာပါက အမြင်အာရုံကိုပါ ထိခိုက်လာနိုင်ပါတယ်။
🔹မျက်သားတက်ခြင်းသည် နေရောင်ခြည်၊ သဲ/ဖုန်မှုန့်တို့ဖြင့် ထိတွေ့မှုများခြင်း၊ မျက်စိခြောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်စေနိုင်ပါသည်။
🔹နေပူထဲတွင် အလုပ်လုပ်ရသောသူများ၊ တောင်ပေါ်ဒေသတွင်နေထိုင်သူများတွင် မျက်သားတက်ခြင်းလက္ခဏာကို ပိုမိုခံစားရနိုင်ပါသည်။
🔹မျက်ကြည်လွှာပေါ်သို့ အမြေးပါးဖုံးအုပ်လာပါက မျက်စိဆရာဝန်နှင့်ပြသပြီး ခွဲစိတ်ကုသရန် လိုအပ်ပါသည်။
🔹မျက်သားတက်ခြင်း ပိုမိုမဆိုးရွားစေရန် နှင့် မဖြစ်စေရန်အတွက် နေကာမျက်မှန်တပ်ဆင်ခြင်း၊ နေပူထဲသွားလျှင် ဦးထုပ်ဆောင်းခြင်း၊ မျက်ရည်တုအသုံးပြုခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။

🗨️ မျက်စိနဲ့ပတ်သတ်ပီး လူကြီးမင်းများ သိရှိလိုသည့် အသေးစိတ်အချက်အလက်များကို ISEC Eye Centre Myanmarရဲ့ Messenger m.me/ISECEyeCentreMyanmar မှ (24/7)ဆက်သွယ်စုံစမ်းခြင်းဖြင့်လည်းကောင်း ၊ ဖုန်း +95 9 448282821~2 သို့လည်းကောင်း ဆက်သွယ်စုံစမ်းလိုရပါတယ်နော်။

👩🏻‍⚕️ Our eye specialists are ready for you!!!

🏥 ISEC Eye Centre MyanmarA5, MinYeKyawSwar Street, MinYeKyawSwar Business Building,
Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.

☎️ Tel:+95 1 386 800, 📞+95 9 448282821
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821