
December & Its Potential Risks to Children’s Eyes
Published on 15th December, 2023
ဒီဇင်ဘာနှင့် ကလေးမျက်စိအန္တရာယ်
ISEC Myanmar ကနေ ဒီဇင်ဘာလရဲ့ Safe Toys & Gift-Gifting ပွဲတော်နဲ့ပတ်သက်ပြီး မျက်စိအန္တရာယ်အတွက် သတိထားသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။
ကလေးငယ်တွေအတွက် နှစ်ပတ်လည်လက်ဆောင်တွေပေးတဲ့အခါ ဘေးကင်းပြီး မျက်စိကျန်းမာရေးအတွက် မထိခိုက်စေတဲ့ အရုပ်တွေကို အသက်အရွယ်အလိုက် ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။
အသက်အရွယ်အလိုက် မကစားနိုင်သေးတဲ့ အရုပ်တွေ၊ ချွန်ထက်သော အစွန်းများပါတဲ့အရုပ်တွေ၊ အခြားအန္တရာယ်ဖြစ်နိုင်တဲ့ အဆိပ်သင့်ပစ္စည်းတွေကလည်း မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်တာမို့ သတိပြုသင့်ပါတယ်။
မျက်စိကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေ၊ခန္ဓာကိုယ်ကာယကြံ့ခိုင်စေတဲ့ ကစားနည်းတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို အထောက်အကူပြုတဲ့ အားကစားတွေနဲ့ ကစားကြဖို့ အကြံပေးချင်ပါတယ်။
အသိပညာပေးမှုတွေနဲ့ အားကစားတွေပြုလုပ်လေ့ရှိတဲ့ ဆောင်းရာသီအားလပ်ရက်မှာ ကလေးငယ်တွေကို
အန္တရာယ်ကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဝန်းကျင်တစ်ခု ဖန်တီးပေးလိုက်ပါနော်။𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm