Digital လုပ်ငန်းခွင်မှာ သင့်မျက်စိသက်သောင့်သက်သာရှိစေဖို့…
Published on 30th January, 2026
Digital လုပ်ငန်းခွင်မှာ သင့်မျက်စိသက်သောင့်သက်သာရှိစေဖို့…
🖥မော်နီတာကို အနေအထားမှန်မှန် ထားပါ
💁🏻♀️ ကွန်ပျူတာ screen ရဲ့ အပေါ်ဆုံးစာကြောင်းကို မျက်လုံးအောက်နိမ့်တဲ့ အနေအထားမှာ ထားကြည့်ပါ။ မော်နီတာက ကိုယ့်မျက်လုံးနဲ့ တစ်တန်းတည်း မတ်မတ်ရှိနေဖို့ လိုပါတယ်။ ဒါမှ ပခုံးနဲ့ ဇက်ကြောတက်တာကို သက်သာစေမှာပါ။
👁️🗨️စာလုံးအရွယ်အစားနဲ့ မျက်လုံးကိုခဏအနားပေးခြင်း
💁🏻♀️မျက်လုံးကို အရမ်းအားမစိုက်ရအောင် စာလုံးအရွယ်အစားကို အနေတော် ချဲ့ထားပါ။ ခဏခဏ မျက်မှောင်ကြုတ်ကြည့်ရတာမျိုး မဖြစ်ပါစေနဲ့။
💁🏻♀️ မိနစ် ၂၀ တိုင်း screen ကိုကြည့်ပီးတဲ့အခါ မျက်စိကို အနားပေးတဲ့အနေနဲ့ စက္ကန့် ၂၀ ကြာ အဝေးကို (ဥပမာ- ပြတင်းပေါက်အပြင်ဘက်) လှမ်းကြည့်ပေးပါ။ မျက်လုံးကို စက္ကန့်အနည်းငယ်ကြာ မှိတ်ထားပေးတာကလည်း မျက်စိကြွက်သားတွေကို အနားရစေပါတယ်။
👁မျက်တောင်ခတ်ဖို့ မမေ့ပါနဲ့
💁🏻♀️ အလုပ်ကို အာရုံစိုက်နေတဲ့အခါ မျက်တောင်ခတ်နှုန်းက ၄၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတတ်ပါတယ်။ ဒါက မျက်စိခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်လို့ သတိထားပြီး မျက်တောင်ခတ်ပေးပါ။ ရေများများသောက်ဖို့လည်း မမေ့နဲ့ဦးနော်။
💁🏻♂️ အလုပ်လုပ်တဲ့အခါ ပိုပြီးကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ရရှိဖို့ဆိုရင်တော့ အရည်အသွေးမြင့် Germany Brand Rodenstock လိုမျိုး Home Office Lenses တွေက အကောင်းဆုံးနဲ့ ရွေးချယ်ဖို့အသင့်ဆုံးပါပဲ…
မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ မျက်စိစစ်ဆေးချင်တာပဲဖြစ်ဖြစ် ISEC Myanmar ကအမြဲရှိနေမှာပါ…😊