
Intraocular Lens
Published on 5th February, 2024
ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း ပြန်လည်ထည့်သွင်းအသုံးပြုနိုင်သည့် မှန်ဘီလူးအမျိုးအစားများ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။
နောက်ဆုံးပေါ် 𝐏𝐡𝐚𝐜𝐨𝐞𝐦𝐮𝐥𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧နည်းဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်တပ်စရာမလိုသည်အထိ မိမိနှစ်သက်ရာမှန်ဘီလူးအမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။
𝐌𝐨𝐧𝐨𝐟𝐨𝐜𝐚𝐥 𝐈𝐎𝐋 (ပုံမှန်မှန်ဘီလူး/ အဝေးပါဝါဖျောက်မှန်ဘီလူး)အဝေးတွင်ရှိသောအရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာမြင်နိုင်ပီး အဝေးမျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်ရန်အတွက် အနီးပါဝါမျက်မှန်တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပါက ဆလင်ဒါပါဝါအတွက်ပါ မျက်မှန်တပ်ရပါမည်။
𝐄𝐃𝐎𝐅 (𝐄𝐱𝐭𝐞𝐧𝐝𝐞𝐝 𝐃𝐞𝐩𝐭𝐡 𝐎𝐟 𝐅𝐨𝐜𝐮𝐬) 𝐈𝐎𝐋 (အဝေးနှင့် အလယ်အလတ်ပါဝါဖျောက်မှန်ဘီလူး)အဝေးတွင်ရှိသော အရာဝတ္ထုများနှင့် လက်တစ်ကမ်း အကွာအဝေးတွင်ရှိသော အရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာ မြင်နိုင်ပါသည်။ ကားမောင်းခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလှပြင်ခြင်း အစရှိသည့် နေ့စဉ်လုပ်ဆောင်ခြင်းများတွင် မျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ အနီးကြည့် အာရုံစိုက်ရသောအလုပ်များ၊ စာရင်းဇယားများ ပြုလုပ်ချိန်တွင်သာ စာကြည့်မျက်မှန် တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါမဖျောက်နိုင်သည့်အတွက် ဆလင်ဒါပါဝါများသူများအတွက် မသင့်လျော်ပါ။
𝐌𝐨𝐧𝐨 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေးပါဝါ + ဆလက်ဒါပါဝါဖျောက် မှန်ဘီလူး)အဝေးပါဝါနှင့် ဆလင်ဒါပါဝါဖျောက်ပေးနိုင်သော မှန်ဘီလူးဖြစ်သည့်အတွက် ကြည်လင်ပြတ်သားသော အဝေးမြင်ကွင်းကို ရရှိနိုင်ပါသည်။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်အတွက် အနီးပါဝါမျက်မှန်တပ်ရန်လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပြီး အဝေးမျက်မှန်မတပ်ဆင်လိုသူများ အသုံးပြုနိုင်ပါသည်။
𝐌𝐮𝐥𝐭𝐢𝐟𝐨𝐜𝐚𝐥 / 𝐓𝐫𝐢𝐟𝐨𝐜𝐚𝐥 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေး၊ အလယ်အလတ်၊ အနီးပါဝါ၊ ဆလင်ဒါပါဝါဖျောက် မှန်ဘီလူး / မျက်မှန်တပ်ရန်မလိုအပ်သော မှန်ဘီလူး)အဝေး၊ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးမြင်ကွင်းအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်နိုင်ပါသည်။ ဆလင်ဒါပါဝါကိုပါဖျောက်ပေးနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်လုံးဝမတပ်လိုသောသူများအတွက် အထူးသင့်လျော်သော နောက်ဆုံးပေါ်မှန်ဘီလူးအမျိုးအစားဖြစ်ပါသည်။
အထက်ပါမှန်ဘီလူးများအနက်မှ မိမိနှစ်သက်ရာ သင့်လျော်သောမှန်ဘီလူးအမျိုးအစားများကို နိုင်ငံတကာဘွဲ့လွန်များရယူခဲ့သော အတွင်းတိမ်ခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့် ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် လာရောက်ပြသဆွေးနွေးပြီး ရွေးချယ်အသုံးပြုနိုင်ပါသည်။
ISEC နိုင်ငံတကာမျက်စိ အထူးကုဆေးရုံကြီး တွင် အမေရိကန်နိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး Monofocal IOL, EDOF IOL, Mono Toric IOL, Multifocal / Trifocal IOL မှန်ဘီလူးအမျိုးအစားများနှင့် ရှားပါးသည့်ပါဝါအမျိုးအစားမျိုးစုံကို ရရှိနိုင်သည့်အတွက် စိတ်ချယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက~𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.Tel:+95 1 386 800,
+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
isecmyanmar@gmail.com
www.isecmyanmar.com.mm