Intraocular Lens
Blog Post

Intraocular Lens

Published on 5th February, 2024

ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း ပြန်လည်ထည့်သွင်းအသုံးပြုနိုင်သည့် မှန်ဘီလူးအမျိုးအစားများ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

နောက်ဆုံးပေါ် 𝐏𝐡𝐚𝐜𝐨𝐞𝐦𝐮𝐥𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧နည်းဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်တပ်စရာမလိုသည်အထိ မိမိနှစ်သက်ရာမှန်ဘီလူးအမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။

𝐌𝐨𝐧𝐨𝐟𝐨𝐜𝐚𝐥 𝐈𝐎𝐋 (ပုံမှန်မှန်ဘီလူး/ အဝေးပါဝါဖျောက်မှန်ဘီလူး)
🔹အဝေးတွင်ရှိသောအရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာမြင်နိုင်ပီး အဝေးမျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်ရန်အတွက် အနီးပါဝါမျက်မှန်တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပါက ဆလင်ဒါပါဝါအတွက်ပါ မျက်မှန်တပ်ရပါမည်။

𝐄𝐃𝐎𝐅 (𝐄𝐱𝐭𝐞𝐧𝐝𝐞𝐝 𝐃𝐞𝐩𝐭𝐡 𝐎𝐟 𝐅𝐨𝐜𝐮𝐬) 𝐈𝐎𝐋 (အဝေးနှင့် အလယ်အလတ်ပါဝါဖျောက်မှန်ဘီလူး)
🔹အဝေးတွင်ရှိသော အရာဝတ္ထုများနှင့် လက်တစ်ကမ်း အကွာအဝေးတွင်ရှိသော အရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာ မြင်နိုင်ပါသည်။ ကားမောင်းခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလှပြင်ခြင်း အစရှိသည့် နေ့စဉ်လုပ်ဆောင်ခြင်းများတွင် မျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ အနီးကြည့် အာရုံစိုက်ရသောအလုပ်များ၊ စာရင်းဇယားများ ပြုလုပ်ချိန်တွင်သာ စာကြည့်မျက်မှန် တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါမဖျောက်နိုင်သည့်အတွက် ဆလင်ဒါပါဝါများသူများအတွက် မသင့်လျော်ပါ။

𝐌𝐨𝐧𝐨 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေးပါဝါ + ဆလက်ဒါပါဝါဖျောက် မှန်ဘီလူး)
🔹အဝေးပါဝါနှင့် ဆလင်ဒါပါဝါ‌ဖျောက်ပေးနိုင်သော မှန်ဘီလူးဖြစ်သည့်အတွက် ကြည်လင်ပြတ်သားသော အဝေးမြင်ကွင်းကို ရရှိနိုင်ပါသည်။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်အတွက် အနီးပါဝါမျက်မှန်တပ်ရန်လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပြီး အဝေးမျက်မှန်မတပ်ဆင်လိုသူများ အသုံးပြုနိုင်ပါသည်။

𝐌𝐮𝐥𝐭𝐢𝐟𝐨𝐜𝐚𝐥 / 𝐓𝐫𝐢𝐟𝐨𝐜𝐚𝐥 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေး၊ အလယ်အလတ်၊ အနီးပါဝါ၊ ဆလင်ဒါပါဝါဖျောက် မှန်ဘီလူး / မျက်မှန်တပ်ရန်မလိုအပ်သော မှန်ဘီလူး)
🔹အဝေး၊ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးမြင်ကွင်းအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်နိုင်ပါသည်။ ဆလင်ဒါပါဝါကိုပါဖျောက်ပေးနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်လုံးဝမတပ်လိုသောသူများအတွက် အထူးသင့်လျော်သော နောက်ဆုံးပေါ်မှန်ဘီလူးအမျိုးအစားဖြစ်ပါသည်။

👩‍⚕️အထက်ပါမှန်ဘီလူးများအနက်မှ မိမိနှစ်သက်ရာ သင့်လျော်သောမှန်ဘီလူးအမျိုးအစားများကို နိုင်ငံတကာဘွဲ့လွန်များရယူခဲ့သော အတွင်းတိမ်ခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့် ISEC နိုင်ငံတကာမျက်စိဆေးရုံကြီးတွင် လာရောက်ပြသဆွေးနွေးပြီး ရွေးချယ်အသုံးပြုနိုင်ပါသည်။

👩‍⚕️ISEC နိုင်ငံတကာမျက်စိ အထူးကုဆေးရုံကြီး တွင် အမေရိကန်နိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး Monofocal IOL, EDOF IOL, Mono Toric IOL, Multifocal / Trifocal IOL မှန်ဘီလူးအမျိုးအစားများနှင့် ရှားပါးသည့်ပါဝါအမျိုးအစားမျိုးစုံကို ရရှိနိုင်သည့်အတွက် စိတ်ချယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက~
🏥𝐈𝐒𝐄𝐂 နိုင်ငံတကာမျက်စိဆေးရုံ
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥𝐈𝐒𝐄𝐂 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821