ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တို့ကြောင့် ဖြစ်လေ့ရှိသော ကလေးမျက်စိရောဂါ အကြောင်းသိကောင်းစရာ
Blog Post

ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တို့ကြောင့် ဖြစ်လေ့ရှိသော ကလေးမျက်စိရောဂါ အကြောင်းသိကောင်းစရာ

Published on 11th January, 2021

ယနေ မျက်မှောက်ခေတ်သည် ဒီဂျစ်တယ် အိုင်တီ ကွန်ပျူတာခေတ်ဖြစ်သည့်အလျောက် နည်းပညာ၊ အိုင်တီ သိပ္ပံ ဖွံ့ဖြိုးတိုးတက်လာမှုမှာ အံ့မခန်းပင်ဖြစ်သည်။ ခေတ်ရေစီကြောင်း ဖွံ့ဖြိုးတိုးတက်လာမှုကို အမှီလိုက်နိုင်ရန် ကျွန်ုပ်တို့ မျိုးဆက်ကလေးသူငယ်များမှာ ငယ်ရွယ်နုနယ်စဉ်မှစ၍ နည်းပညာ၊ ကွန်ပျူတာတို့နှင့် ထိတွေ့သင်ယူရပါသည်။

ဖုန်း၊ကွန်ပျူတာ တို့ကို အင်တာနက်နှင့် ချိတ်ဆက်၍ အသိပညာအတက်ပညာများကို သင့်ယူရာတွင် ဂရုတစိုက်သင့်သည်များကို တင်ပြချင်ပါသည်။

Q1. Screen Time ဆိုတာဘာလဲ။

Screen Time ဆိုသည်မှာ စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ သုံးစွဲသော ကြာချိန်ကိုခေါ်ခြင်း ဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ကလေး လူကြီးအလွှာပေါင်းစုံသည် Screen Time များပြားလာပြီး ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲဖြစ်ပေါ်လာကြသည်။ ကလေး၊ သူငယ်များသည် မျက်လုံးနှင့် ခန္ဓာကိုယ်တည်ဆောင်ပုံ နုနယ်သောကြောင့် Screen Time ကြာလျှင် ကောင်းကျိုးထက်ဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။ တချို့သောနိုင်ငံများ  ဥပမာ-ထိုင်ဝမ်တွင် ကလေးများကို Screen Time ကြာရှည်စွာ ကလေးများအား အသုံးပြုစေသော မိဘများ ဒေါ်လာဒဏ်ငွေရိုက်ခြင်း စသော ဥပဒေများ ပြဌာန်းတားမြစ်ပြီး Screen Time နည်းအောင် ပြုမှုဆောင်ရွက် ထားပေးကြပါသည်။

Q2. ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့ကို ကလေးများ အချိန်ပြည့် တောက်လျောက်သုံးစွဲလျှင် မည်သည့်ဆိုးကျိုးများ ရရှိနိုင်ပါသနည်း။

မွေးကင်းစ ကလေးသူငယ်များသည် ဘေးပတ်ဝန်းကျင်မှ လူ၊ အရာ၀တ္ထုနှင့်ပစ္စည်းများကို  အမြင်အာရုံမှတဆင့် ထိတွေ့လှုပ်ရှားပြီး အရာရာကို သင်ယူနေသူများဖြစ်သည်။ ဖုန်း၊ တက်ဘလက်များကို ကလေးများငြိမ်နေစေရန်ပေးသုံးခြင်းသည် ကောင်းကျိုးထက်ဆိုးကျိုးများ ပိုမို ဖြစ်စေနိုင်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ဖုန်း၊ တက်ဘလက်များ တောက်လျှောက်သုံးနေသော ကလေးသူငယ်များသည် ငြိမ်သက်စွာနေခြင်းကြောင့် အ၀လွန်ရောဂါ၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ မိမိကိုယ်ကိုယ့်ထိန်းသိမ်းနိုင်စွမ်းနည်းသော ရောဂါ (ADHD)၊ ဆုံးဖြတ်မှုနှေးခြင်း၊ တီထွင်ကြံဆမှုနှေးခြင်း၊ စာရေးတက်ရန် နှေးကွေးခြင်း စသောနောက်ဆက်တွဲများဖြစ်ပေါ်စေနိုင်ပါသည်။

Q3. Screen Time သည် ကလေးများ မျက်စိအပေါ်မည်သို့ သက်ရောက်နိုင်ပါသနည်း။

ကလေးတစ်ယောက်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကလေးသဘာ၀ ခုန်ပေါက်ပြေးလွှာ ဆော့ကစား ရပါသည်။ သဘာ၀အတိုင်း ပန်းခြံ၊  ကလေးကစားကွင်း အစရှိသည့်တွင်ဆော့ကစားခြင်းသည် ကလေး၏ ကိုယ်၊စိတ်၊ မျက်စိ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါပါသည်။ လေ့လာတွေ့ရှိချက်များအရ အိမ်တွင် ချောင်ကုပ် ၍ တီဗွီဂိမ်း၊ ဖုန်း၊ ကွန်ပျူတာ အသုံးများသောကလေးများသည် မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဝေးမှုန်ခြင်း (Myopia) စသောမျက်စိရောဂါများပိုမိုဖြစ်တက်ပါသည်။

Q4. မည်သည် အသက်အရွယ်တွင် Phone, Tablet များ စတင်အသုံးပြုသင့်ပါသနည်း။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အကြံပြုချက်အရ အသက်တစ်နှစ်အောက်ကလေးငယ်များ လုံး၀ Screen Time ပေးမကြည့်သင့်ပါ။ အသက်(၂)နှစ်မှ (၅)နှစ်အတွင်း  တစ်နေ့တစ်နာရီထက်ပို့ပြီး Screen Time ပေးမကြည့်သင့် ဟုဆိုထားပါသည်။

Q5. ကလေးသူငယ်များ ဖုန်း၊ကွန်ပျူတာ သုံးလျှင် မည်သို့ ပြုမှုနေထိုင်သင့်ပါသနည်း။

ယနေ့မျက်မှောက်ခေတ်သည် နည်းပညာအိုင်တီခေတ်ဖြစ်သဖြင့် မဖြစ်မနေ ဖုန်း၊ ကွန်ပျူတာများ နှင့် ထိတွေ့သုံးစွဲရလျှင် အောက်ဖော်ပြပါများ စီစဉ်ပေးသင့်ပါသည်။

၁။ကွန်ပျူတာ၊ တပ်ဘလက်သုံးလျှင် ကွန်ပျူတာတင်သောစားပွဲ၊ထိုင်ခုံနှင့် စနစ်တကျထိုင်သင့်ပါသည်။ အိပ်ယာထဲတွင် မှောက်၍ ပက်လက်လှန် ၍ မျက်နှာနှင့် ကပ်၍ ဖုန်းသုံးခြင်း ရှောင့်ကြဉ်သင့်ပါသည်။ အနေအထားမမှန်ကန်ခြင်းကြောင့် လည်ပင်ကျီးပေါင်း၊ ခါးကျီပေါင်း ရောဂါများ၊ မျက်ရိုးကိုက်ခြင်းများ ဖြစ်တတ်ပါသည်။

၂။ ကွန်ပျူတာ မော်နီတာသည် မျက်လုံးနှင့် တတန်းတည်း(သို့မဟုတ်) အနည်းငယ်အောက်နိမ့်ပြီး သုံးစွဲပါ။ Screen သည် မျက်လုံးနှင့် အနည်းဆုံး (၁၈)လက်မအကွာတွင် ရှိသင့်ပါသည်။ ခါး၊လည်ပင်၊ ဂုတ် တို့ကို မတ်မတ်ထိုင်ပြီး ကွန်ပျူတာ သုံးသင့်ပါသည်။

၃။ ကွန်ပျူတာ၊ ဖုန်း၊ Screen ၏ မီးအလင်းအမှောင် Brightness ကို ကလေးနှင့် သင့်တော်သော အနေအထားLevel တွင် ထားပေးပါ။ အလင်းစူး (တောက်)ခြင်း မျိုးရှောင်ကြဉ်သင့်ပါသည်။

၄။ ၂၀-၂၀-၂၀ ဥပဒေသ-မိနစ် (၂၀)ဖုန်း၊ကွန်ပျူတာ ကြည့်ပြီးတိုင်း ပေ(၂၀)အကွာအဝေးရှိသော အရာ၀တ္ထုများကို ကြည့်ပေးပါ (သို့မဟုတ်) မျက်စိမှိတ်၍ ခေတ္တအနားယူပါ။

၅။ ဖုန်း၊ ကွန်ပျူတာကို စူးစိုက်အသုံးပြုသူများသည် မျက်တောင်ခတ်ရန်မေ့နေတတ်ကြသည်။ မျက်တောင်ခတ်ခြင်းသည် မျက်ရည်စိုစွတ်ရန်အတွက် အရေးပါသည်။ မျက်ရည်စိုစွတ်ရန်အတွက် အရေးပါသည်။ မျက်တောင်မခတ်သဖြင့် မျက်ရည်ခြောက်ရောဂါဖြစ် တက်သည်။ထိုကြောင့် ဖုန်း၊ ကွန်ပျူတာအသုံးပြုတိုင်း ကလေးများအား မျက်တောင်ခဏခဏခတ်ရန် သတိပေးပါ။

၆။ ကလေးများသည် ဖုန်း၊ ကွန်ပျူတာ သုံးရာတွင် အနီးကပ်ကြည့်လွန်းခြင်း၊ တခါတရံ မျက်စိစွေခြင်း၊ စောင်ခြင်း စသည့်လက္ခဏာများဖြစ်နေလျှင် တက်ကျွမ်းနားလည်သော အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

Related Post

Eye Care Specialist

Book Appointment

Schedule your consultation with our experienced eye specialists today.

Medical Care Operator

09448282821