လေဆာနဲ့ မျက်စိပါဝါဖျောက်တဲ့ ကုသမှု LASIK နဲ့ PRK ဘာကွာလဲ🤔
Blog Post

လေဆာနဲ့ မျက်စိပါဝါဖျောက်တဲ့ ကုသမှု LASIK နဲ့ PRK ဘာကွာလဲ🤔

Published on 21st November, 2025

လေဆာနဲ့ မျက်စိပါဝါဖျောက်တဲ့ ကုသမှု LASIK နဲ့ PRK ဘာကွာလဲ🤔
ISEC Myanmar မှာ LASIK နဲ့ PRK ဆိုပြီး မျက်စိပါဝါကို လေဆာနဲ့ ဖျောက်တဲ့နည်းလမ်း (၂) မျိုးရှိတယ်နော်. သူတို့ရဲ့ အဓိက ကွာခြားချက်လေးတွေကို တိုတိုနဲ့ လိုရင်းသိရအောင် နှိုင်းယှဉ်ပြထားပါတယ်။
✨LASIK လို့လူသိများတဲ့ (Laser-Assisted In Situ Keratomileusis) နည်းလမ်း
🔹ကုသမှုပုံစံ
မျက်ကြည်လွှာအပေါ်ဆုံးအလွှာကိုအနည်းငယ်လှန်ပြီး အောက်အလွှာကို လေဆာဖြင့်ပစ်ခြင်းဖြစ်သည်။ ထို့နောက် လှန်ထားသောမျက်ကြည်လွှာ အလွှာလေးကို မူလနေရာအတိုင်း ပြန်အုပ်၍ မျက်ကြည်လွှာကို ပြုပြင်ခြင်းဖြင့် အဝေးမှုန်ပါဝါ နှင့် ဆလင်ဒါပါဝါ တို့ကို ဖျောက်ပေးသည့် ကုသမှုဖြစ်ပါသည်။
🔹ပြန်လည်သက်သာချိန်
အလွန်လျင်မြန်ပါသည်။ ရက်ပိုင်းအတွင်း အမြင်ကြည်လင်လာပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လုပ်နိုင်ပါသည်။
🔹ဘယ်သူတွေအတွက် ပိုသင့်တော်လဲ
လုံလောက်တဲ့ မျက်ကြည်လွှာ အထူရှိသူများ အတွက်သင့်တေ်ပါတယ်။
🔹ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြဿနာ
မျက်လုံးခြောက်သွေ့ခြင်း (ဖြစ်နိုင်ချေအလွန်နည်းသည်)
✨PRK (PhotoRefractive Keratectomy) / TransPRK နည်းလမ်း
🔹ကုသမှုပုံစံ
မျက်ကြည်လွှာအပေါ်ဆုံးအလွှာကို တိုက်ရိုက်ဖယ်ရှားပီး အောက်အလွှာကို လေဆာဖြင့်ပစ်ခြင်းဖြင့် အဝေးမှုန်ပါဝါ နှင့် ဆလင်ဒါပါဝါ တို့ကို ဖျောက်ပေးတဲ့ ကုသမှုဖြစ်ပါတယ်။
🔹ပြန်လည်သက်သာချိန်
LASIK ထက်အချိန်ပိုမိုကြာမြင့်ပါသည်။ မျက်ကြည်လွှာ အပေါ်ဆုံးအလွှာ ပြန်လည်ဖြစ်ပေါ်ရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါသည်။
🔹ဘယ်သူတွေအတွက် ပိုသင့်တော်လဲ
မျက်ကြည်လွှာ ပါးလွှာသူများ၊ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိသော အားကစား သို့မဟုတ် အလုပ်လုပ်ရသူများ အတွက်သင့်တော်ပါတယ်။
🔹ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြဿနာ
အမြင်ပြန်လည်ကောင်းမွန်ရန် အချိန်ပေးရခြင်း၊ မျက်ကြည်လွှာတွင် အမာရွတ်ဖြစ်ခြင်း (ဖြစ်နိုင်ချေအလွန်နည်းပါသည်)
အသေးစိတ်သိရှိလိုပါက~
📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။

Related Post

Medical Care Operator

09448282821