မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?
Blog Post

မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?

Published on 2nd January, 2023

✨မျက်စိအတွင်းတိမ်ကို ဘယ်အချိန်မှာခွဲစိတ်သင့်သလဲ ?✨

✅အတွင်းတိမ်ကြောင့် အမြင်အားကျဆင်းလာပြီး မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရ အဆင်မပြေတော့သည့်အခါတွင် အတွင်းတိမ်ကို ခွဲစိတ်သင့်ပါသည်။

✅သို့သော်လဲ အတွင်းတိမ်အလွန်ရင့်သွားပါက စက်ဖြင့်ခွဲမရနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပုံမှန်စစ်ဆေးသင့်ပီး အချိန်မနှောင်းခင် ခွဲစိတ်သင့်ပါသည်။

✨အတွင်းတိမ်ကို ထုံဆေးနဲ့ခွဲလား မေ့ဆေးနဲ့ခွဲလား?

✅ ၉၉% က ထုံဆေးနဲ့ခွဲပါတယ်၊ ကလေးနှင့်အခြားပြဿနာတစ်ခုခုရှိမှသာ မေ့ဆေးကို အသုံးပြုရပါတယ်။

✨အတွင်းတိမ်ခွဲရင်နာလား?

✅လုံးဝမနာအောင် ထုံဆေးပေးပါတယ်။

✨ခွဲပြီးဘယ်နှရက် အလုပ်နားရမလဲ?

✅၃ ရက်မှ ၂ ပတ်ထိ လိုအပ်သလိုဆရာဝန်ညွှန်ကြားပါတယ်။

✨ခွဲပြီး ခရီးထွက်လို့ရလား?

✅ခရီးထွက်လို့ရပါတယ်။

✨အတွင်းတိမ်ကို စောခွဲရင်ဘာဖြစ်လဲ နောက်ကျမှခွဲရင်ဘာဖြစ်လဲ?

✅စောခွဲရင် ဘာမှ မဖြစ်ပါဘူး နောက်ကျခွဲရင်တော့ မျက်ကြည်လွှာရောင်ခြင်းနဲ့ အိတ်ခွံပေါက်ခြင်းဖြစ်နိုင်သည့်အပြင် စက်နဲ့ခွဲစိတ်၍မရနိုင်တော့ပါ။

✨ရေတိမ်ရှိရင် ခွဲလို့ရလား?

✅ရေတိမ်ရှိသူများလည်း အတွင်းတိမ်ခွဲစိတ်နိုင်ပါတယ်။

✨ဆီးချိုသွေးချိုရှိရင်ခွဲလို့ရလား?

✅ဆီးချိုသွေးချိုရှိလည်း ဆေးနဲ့ထိန်းပြီးအတွင်းတိမ်ကိုခွဲစိတ်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက

🏥ISEC နိုင်ငံတကာမျက်စိဆေးရုံ

🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။

🏥ISEC Eye Centre Myanmar

A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.

☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133

📧 [email protected]

🌐 www.isecmyanmar.com.mm

Share On

Warning: Array to string conversion in /www/wwwroot/isecmyanmar.com.mm/wp-content/themes/isecmyanmar/functions.php on line 415
Array

Related Post

We are here for you

Book Appointment

Medical Care Operator

09448282821