
ရိုးရိုးမျက်စိပါဝါ နဲ့ ဆလင်ဒါပါဝါ က ဘာတွေကွာခြားလဲ
Published on 10th October, 2025
ရိုးရိုးမျက်စိပါဝါ နဲ့ ဆလင်ဒါပါဝါ က ဘာတွေကွာခြားလဲ ❓❓
📌မျက်စိပါဝါဆိုတာက မျက်လုံးမှန်ဘီလူး နဲ့ မျက်ကြည်လွှာရဲ့ အလင်းယိုင်နိုင်စွမ်း မူမမှန်တာကြောင့် ပုံရိပ်တွေဟာ မျက်လုံးအာရုံခံလွှာပေါ်ကို တိတိကျကျ မကျရောက်တာကိုဆိုလိုပါတယ်။ ဒီအခြေအနေကို မျက်စိမှုန်ခြင်းလို့ခေါ်ပြီး အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားပါတယ်။
📌အဝေးမှုန်ခြင်းကတော့ အရာဝတ္ထုတွေရဲ့ပုံရိပ်ဟာ အာရုံခံလွှာရဲ့ ရှေ့မှာ ကျရောက်တာကြောင့် အဝေးကိုမမြင်ရဘဲ မှုန်နေခြင်းပဲဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ မျက်စိမှန်ဘီလူးက ပုံမှန်ထက်ပိုပြီး ခုံးနေတာ ဒါမှမဟုတ် မျက်လုံး (eyeball) ကရှည်နေတာကြောင့်ဖြစ်ပါတယ်။
📌အနီးမှုန်ခြင်းကတော့ အရာဝတ္ထုတွေရဲ့ပုံရိပ်ဟာ အာရုံခံလွှာရဲ့ နောက်မှာ ကျရောက်တာကြောင့် အနီးကအရာတွေကို မှုန်ပြီးမြင်ရတာပဲဖြစ်ပါတယ်။ အနီးမှုန်ဖြစ်ရခြင်းအကြောင်းတွေကတော့ မျက်စိမှန်ဘီလူးက ပုံမှန်ထက်ပိုပြီး ပြားနေတာ ဒါမှမဟုတ် မျက်လုံးက တိုနေတာကြောင့်ဖြစ်ပါတယ်။
📌ဆလင်ဒါပါဝါကိုတော့ Astigmatism လို့လည်းခေါ်ကြပြီး ဆလင်ဒါဆိုတာကမျက်ကြည်လွှာရဲ့ပုံသဏ္ဌာန်ဟာ ပုံမှန်အတိုင်းလုံးဝန်းမနေဘဲ ဘဲဥပုံ သဏ္ဌာန်ဖြစ်နေတာပါ။ ဒါကြောင့် မျက်လုံးထဲဝင်လာတဲ့အလင်းရောင်ဟာ တစ်နေရာတည်းမှာစုစည်းမသွားဘဲ နေရာအမျိုးမျိုးမှာ ပြန့်ကျဲသွားပြီး အဲဒီအခါမှာ ဘယ်အကွာအဝေးကိုကြည့်ကြည့် အရာဝတ္ထုရဲ့ပုံရိပ်ဟာ လွဲနေတာ၊ စောင်းနေတာ၊ ဒါမှမဟုတ် နှစ်ထပ်ဖြစ်နေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
📌မျက်စိပါဝါ နဲ့ ဆလင်ဒါလွဲခြင်းဟာ အတူတူဖြစ်နိုင်ပြီးတော့ တစ်ချို့မျက်မှန်သမားတွေမှာ ဆလင်ဒါအတွက်ရော ပါဝါအတွက်ပါ မျက်မှန်တပ်ရတာမျိုးတွေရှိကြပါတယ်။
📌အခုဆိုရင်တော့ ဒီလိုမျိုး ပါဝါသမားများအတွက် မျက်မှန်တပ်စရာမလိုတော့အောင် ISEC မှာ Lasik ပြုလုပ်ပြီး မျက်စိပါဝါဖျောက်လို့ရနေပါပြီ။
အသေးစိတ်သိရှိလိုပါက ~
🏥ISEC Eye Centre Myanmar
🏥A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🏥ISEC Eye Centre Myanmar
A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon, Myanmar.
☎️Tel:+95 1 386 800,📞+95 9 44 82 82 82 1, +95 9 44 82 82 82 2, +95 9 45 82 82 133
📧 [email protected]
🌐 www.isecmyanmar.com.mm